Ep - 6

153 12 1
                                    

ကကြီးပုံ နှုတ်ခမ်းလေးကို စွဲလမ်းမက်မောရင်း အိပ်ပျက်ညများ ဖြစ်တည်ပြီး တစ်ပတ်မြောက် စနေတွင် သူ့မျက်ကွင်းများပင် ညိုချင်နေခဲ့ပြီ။ သို့သော် စိတ်ပျော်ရာလေးက သပ်သပ်ရှိနေ၍ သူ့လှုပ်ရှားမှုတို့ သွက်လက်တက်ကြွနေပါ၏။

နိုနိုကိုက သူနှင့် အတူ ကစားကွင်းသို့လိုက်လာခဲ့သည်။ ဤနေရာသည် သူတို့ပင်လယ်မြို့လေး၏ ကစားကွင်း၊ပန်းခြံ နှစ်ခု ပေါင်းစပ်တွဲဖက်ထားပြီး ဧရိယာလည်းကျယ်ဝန်း၍ အပန်းဖြေနေရာတစ်ခုပင်ဖြစ်သည်။ ကလေး၊လူငယ်၊လူရွယ်၊လူကြီး လာရောက်ကြ၍ တိတ်ဆိတ်ခြင်းတစ်ဖုံ၊ဆူညံခြင်း တစ်သွယ် ရောယှက်ကာ နှစ်လိုဖွယ်ကောင်းခြင်းမည်၏။

"လာပြီ ... လာပြီ ငါဘယ်လိုနေရမလဲ"

"ဟဲ့ ဪ သူကဖြင့် နင့် သိတောင်မသိဘူး ဘယ်လို အသရေမဲ့ခြင်းမျိုးလဲ "

နိုနိုကိုခေါင်းကို တစ်ချက်ဖြတ်ရိုက်လိုက်တော့ မခေသူ၏ လက်ဝါးက သူ့လက်မောင်းပေါ် အဆက်မပြတ်ရောက်လာသည်။

သူ ဂျေးကို ငေးကြည့်တော့ ကျောပြင်ကိုသာ မြင်လိုက်ရသည့်အဖြစ်။ ထုံးစံအတိုင်း All black ဖြစ်နေသူက ပန်ဒါဝက်ဝံပေါက် ကလေးလိုပင်။

"ဝက်ဝံပေါက်ကို အူယားတာကွာ"

"ကုတ်ပေးရမလား အဖေ"

"ရတယ် သမီး အဖေ့ဇာတ် အဖေကိုယ်တိုင်ကမယ်"

" ပံ့ပိုးဖို့ တကယ်မလိုဘူးပေါ့လေ"

"အဖေ လုံလုံလောက်လောက် ရဲရင့်နေပါပြီ"

"မယုံဘူး စကားသွားပြောပြ"

သူ ခဏငြိမ်သွားတော့ နိုနိုကိုက တဟားဟား အော်ရယ်သည်။ နိုနိုကို ကို မလှည့်ကြည့်အား
ကျေးဇူးရှင်လေးက စတန့်တွေထွင်နေပြီလေ။ သူ့မှာ အသက်ပင်မရှူနိုင်၊အသက်အောင့်ကာ ရင်တမမဖြင့် ကြည့်ရင်း ထိုင်ရမလို၊ထရမလို ဖြစ်နေချိန်...

"ဟဲ့ ဘာဖြစ်နေတာလဲ မျက်နှာက မိန်းမ မီးဖွားနေချိန် အပြင်မှာစောင့်နေတဲ့ ယောက်ျားဒီဇိုင်းနဲ့"

သူ စကားပြန်မပြောနိုင်၊ ကျေးဇူးရှင်လေးရဲ့ ခြေထောက်က စကိတ်ပေါ်မရောက်သေး..။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now