Ep - 20

112 7 0
                                    

" နည်းတောင်နည်းသေးတယ် ဒီအခြေအနေလေးကို မဖျက်ဆီးချင်ပါဘူး ဘာညာ အော်ချင်ဦးလေ ခု ဟိုက သူများနောက်တကယ်ပါပြီ ကိုယ့်အပြစ်နဲ့ကိုယ် ခံပေါ့ အဲ့မှာ "

အသည်းကွဲလို့ အားကိုးတကြီး သူ့ကိုရင်လာဖွင့်ပါတယ်ဆိုမှ ဆွမ်းကြီးဝင်လောင်းနေသော နိုနိုကိုကြောင့် ပိုင်ဇေခန့် မျက်နှာလည်း ဆီးရွက်လောက်သာ ရှိတော့သည်။

" ကလေးမက အသားညိုစိမ့်စိမ့်နဲ့ ချစ်တော့ချစ်စရာလေးဟ "

" သေချာတယ် ... နင် ဒီတစ်ခါတော့ တကယ်သွားပြီပဲ အဲ့ဒါကြောင့် ငါပြောပါတယ် အဆင့်တက်ကြည့်ပါလို့ဆိုတာကို အချစ်သီချင်းတွေဆိုပြပြီး ကြူးတာကကို တက်မလာဘူး "

ဘယ်ကတည်းကပြောချင်နေလည်းမသိ၊မရပ်မနား တရစပ်ကိုပြောနေလေသော နိုနိုကိုရယ်လေ ..။

"အဲ့တော့ နင်ဘာဆက်လုပ်မှာလဲ ခု "

" သိရင် နင့်ဆီလာနေဦးမလား ကလေးပူဆာရဲ့ "

" လာမယ့် ခရစ်စမတ် နင်တို့ ဘုရားကျောင်းမှာတွေ့ကြမှာမလား အခြေအနေကြည့်ပြီး ဖွင့်ပြောလိုက်တော့ "

" ဘာ !!! ဟိုကလေးမက သူ့ရည်းစားဆိုရင်တောင်လား "

" သဘောကျကြောင်း ပြောရုံပဲလေ စနိုက်ကြော်တာမှ မဟုတ်တာ "

သူ့အလှည့်တုန်းကကျ သူ့မမကို တိတ်တခိုးကြိတ်ငေးရင်း အဆင့်မတက်ခဲ့ဘဲ ကိုယ့်ကျမှ ပင့်နေတာကြီးက အလုပ်မဟုတ်။

" ဟင့်အင်း ... ငါအဲ့လိုမလုပ်ချင်ဘူး "

" နင့်ရှေ့မှာ သာဓကကောင်း ငါရှိတယ်နော် "

" ဒါပေမယ့် ... "

" တရားဝင်သက်ဆိုင်သူမဟုတ်သရွေ့ သူ့မှာရွေးချယ်ခွင့် ရှိသေးတာပဲလေ အနည်းဆုံးတော့ နင့်ခံစားချက်ကို သူ့ကိုပြောပြလိုက်သင့်တယ် "

နိုနိုကိုနှင့်တွေ့ပြီး ပြန်လာသော်လည်း ပိုင်ဇေခန့် စိတ်နှင့်ကိုယ် မကပ်နိုင်ဘဲ ‌နှလုံးသားရေးရာမှာ ဝေဝါးထွေပြားမိနေဆဲ။

ဒီဇင်ဘာ ၂၅ ရက်နေ့သည် မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလို့လာသည်။

ဘုရားကျောင်းဧရိယာတွင် ခရစ်စမတ်ပွဲတော်ဆင်နွှဲနေသည့် လူများဖြင့် စည်ကားနေသည်။ လွန်ခဲ့သော ဆယ်နှစ်ကလိုမဟုတ်ဘဲ ဘုရားကျောင်းလျှောက်လမ်းသို့ လှမ်းရာတွင် သူ့နံဘေး သူနှစ်သက်ရပါသော အမျိုးသားငယ်လေးက ရှိနေသည်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now