ရုံးတွင်းကဖေးတွင် ပိုင်ဇေခန့်နှင့် လင်းသုဇော်တို့နှစ်ယောက်သား cyber security ပိုင်းနှင့်ပတ်သက်၍ ဆွေးနွေးနေကြသည်။ သူတို့နှစ်ဦး၏ ရှေ့တွင် Milk tea နှင့် Thai tea တစ်ခွက်စီ အသီးသီးရှိနေ၏။
" အွန့် ... ကိုကို့အတွက် "
ဆူးငယ်ငယ်သွေးက သူတို့အနားရောက်လာကာ Green tea တစ်ဘူးလာချပေးသည်။
" ရေခဲလျှော့ထားပေးတယ် ပြောလိုက်ဦး "
" သူသိပါတယ် ဆူးရဲ့ အထွေအထူးမှာစရာမလိုတာကို "
" မရပါဘူးနော် ... ကိုကိုက ကောက်ချိတ် "
" ဟုတ်ပါပြီ ပြောလိုက်မယ် "
" အိုခေ ဘရားသား "
ဆူးငယ်ငယ်သွေး ထွက်သွားတော့ လင်းသုဇော် Thai tea သောက်ရင်းမှ အတွေးဝင်မိသည်။
သူထင်တာလွဲနေခဲ့တာပဲ ..၊
ဆိုင်ပိုင်ရှင်အစ်မက အစ်ကိုနဲ့ အီနေတာမဟုတ်သလို အစ်ကို့လုပ်ဖော်ကိုင်ဖက်အစ်မဟာလည်း ငယ်သူငယ်ချင်းသာဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။
သူ တစ်လျှောက်လုံး အထင်လွဲပြီး
အစ်ကို့အပေါ် စိတ်ခုနေခဲ့မိတာ ..။" ညီ ..."
"ဗျာ"
"ကိုယ်ခေါ်နေတာကြာပြီ ဘာတွေစဉ်းစားနေတာတုန်း"
" မျက်ဝန်းနက်အကြောင်းကိုပါ ဒီကောင့်ကို ဘယ်အပိုင်းတွေထပ်ဖြည့်ပေးရမလဲလို့လေ"
သူလိမ်လိုက်ရသည်။
အစ်ကိုကတော့ ဘာမှမသိပုံပင်၊ သူ့ပုံစံအတိုင်း ခပ်အေးအေးဖြင့်သာ မျက်ဝန်းနက်နှင့်ပတ်သက်၍ ဝင်ဆွေးနွေးပေးလာသည်။တစ်နာရီခန့်အကြာ ...
" ကိုယ်တို့ပြန်ကြတော့မလား ..."
ပိုင်ဇေခန့်က ကျိန်းသေပေါက် မပြန်ချင်သေးပေမယ့် Tea time ကုန်ပြီဖြစ်၍ လောဆော်လိုက်ရခြင်းဖြစ်သည်။
လင်းသုဇော်က MacBook ကို သိမ်းကာ ထရပ်တော့ ပိုင်ဇေခန့်ကပါ ထရပ်လိုက်သည်။
နှစ်ဦးသား လမ်းလျှောက်ရင်းမှာပင် လင်းသုဇော်ကပြောလာသည်။"ဒီအပတ်စနေ ကမ်းနားဖက် စက်ဘီးစီးကြမလား အစ်ကို "
" ကောင်းတာပေါ့ ညီ "
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်