ဘားသွားမည်ဟုအတင်းပူဆာပြီး သူ့ကို ကောင်တာတွင်တစ်ယောက်တည်းထားခဲ့ကာ ဘယ်ကိုလိမ့်သွားလဲမသိသော ကလေးပေါက်အား ခဏတာမျှ စောင့်ဆိုင်းရင်း ကခုန်နေသူများကို ပိုင်ဇေခန့် မျက်လုံးတစ်ချက်ဝေ့ကြည့်မိသည်။
လူဖြူကောင်မလေးများက သံစဉ်နှင့်အညီ ကခုန်နေကြပြီး လေထုတစ်ခုလုံး မြူးကြွကြွခံစားချက်တို့ ပျံ့လွင့်နေသည်။
ရုတ်တရက် ဆံပင်ကောက်ကောက်နှင့် ရင်းနှီးနေသော ပုံရိပ်လေးတစ်ခုက ပိုင်ဇေခန့်အနား တိုးကပ်လာသည်။
" ဟိုင်း ရေချယ် မတွေ့ရတာကြာပြီ "
" ဟုတ်တယ် bro ရေ လင်းက ရေချယ့်ကို bro နဲ့ တစ်ခါမှမှ ပေးမတွေ့တာကိုလို့ "
မြန်မာစကားသံဝဲတဲတဲဖြင့် ချစ်စဖွယ်စကားဆိုလာသည့် လူမည်းအမျိုးသမီးလေးအား သူ စိတ်လိုလက်ရပြုံးပြလိုက်ပြီး ချစ်ရသူဖက်က ကာကွယ်ပြောဆိုဖို့ရာ ဟန်ပြင်လိုက်သည်။
" မဟုတ်ပါဘူး ရေချယ်ရာ ကိုယ်က အန်ကယ့် ရုံးမှာဝင်ကူပေးနေတော့ မအားလို့ပါ "
" လင်းက ပြောပြပါတယ် bro တို့ ဒီမှာပဲ နေဖြစ်တော့မယ်ဆို "
" ဟုတ်တယ် ရေချယ်ရဲ့ ကိုယ်တို့အတွက်က ဒီမှာနေတာပဲ ပိုအဆင်ပြေမှာ "
" ဟုတ် ဒါနဲ့ လင်းရော bro တစ်ယောက်တည်းလာတာတော့ မဟုတ်ဘူး ဟုတ် "
" ကိုယ့်ကိုထားပြီး ဘယ်ကိုထွက်သွားလဲမသိပါဘူးကွာ "
" ရေချယ် သွားကလိုက်ဦးမယ် "
လှုပ်တုတ်တုတ်နှင့်ထွက်သွားသူကို ကြည့်ပြီး ပိုင်ဇေခန့် ရယ်ရင်း ခေါင်းခါမိသည်။
သူငယ်ချင်းလို့မပြောရဘူး ။
အကောင်ပေါက်လေးတွေက သိပ်ချစ်ဖို့ကောင်းပါတယ်။ကလေးငယ်မှာပေးထားခဲ့သော ဝိုင်အပျော့ကို ငုံရင်း သူ့ကို လွမ်းလာရပြီ။
ဒါကလွန်လွန်းနေပြီမလား။
လက်မှနာရီကို ငုံ့ကြည့်တော့ ကလေးငယ်သူ့အနားကထွက်သွားတာ ၁၃ မိနစ်တိတိစွန်းပါပြီ။သူထရပ်လိုက်ချိန်မှာပင် ရင်ခွင်ထဲသို့ အလုံးလိုက်ပြိုဆင်းလာသော လူဖြူမိန်းကလေးတစ်ယောက်ကြောင့် ဘားကောင်တာနှင့် သူ့ကျောပြင်မိတ်ဆက်သွားသည်။ ရင်ခွင်ထဲမှသူကို ငုံ့ကြည့်တော့ ခေါင်းပင်ဖော်မလာ။
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်