" ကလေး ဒဏ်ရာ ဆေးထည့်မယ်လေ "
" မလိုဘူး "
ဆိုဖာတွင်ထိုင်လျက် ကွန်ပျူတာဆီမှအကြည့်မခွာဘဲပြောလာသူ။
အဖြူစွတ်စွတ်ရှပ်အပါးလက်တို နှင့် ဘောင်းဘီတိုအားဝတ်ထားပြီး နီစွေးစွေးဆံပင်တို့ကို တိုကပ်ကပ်ညှပ်ထား၍ ဂုတ်ပိုးဖြူဖြူလေးက လာပါ၊ကိုက်လှည့်ပါဟု မြှူဆွယ်နေသယောင််။နဖူးပေါ်သို့ နီစွေးစွေးဆံစတို့ တစ်ပင်စနှစ်ပင်စ ကျနေသည်ကပင် ပုံသွင်းထားတာထက် လှလွန်းသည်။ မျက်လုံးအားနည်းသော ကလေးက အလင်းဒဏ်ကာကွယ်သည့် မျက်မှန်ကိုတပ်ထားရသည်။
မျက်မှန်ကိုင်းပေါ်မှာဖေးတင်နေသော မှဲ့နက်ကလေးအား အသွေးအသားထဲထိ စိမ့်ဝင်အောင်ချစ်ရသလို ၊ လေးထောင့်မှန်တို့အောက်မှ စိမ်းဖန့်ဖန့်၊ပြာလဲ့လဲ့ မျက်ဝန်းကလေးကိုမူ လိုအပ်ပါက အသက်ဝိဉာဉ်ကိုပါ ပုံအောပေးအပ်နိုင်သည်အထိ ချစ်ခင်မြတ်နိုးရပါသည်။
သူအကြိမ်ကြိမ်အဖန်ဖန် မြည်းစမ်းဖူးသော ကကြီးပုံနှုတ်ခမ်းလှလှလေး၏ ထောင့်စွန်းလေးမှာ ညိုမဲစွဲနေ၍ ဆေးလိမ်းပေးချင်သည်ကို စေတန်ငယ်လေးဟာ လုံးဝခွင့်မပြု။
" ဒီလောက်ညိုမဲစွဲနေတာကို ပေမနေပါနဲ့ ကလေးရာ "
စေတန်ငယ်လေး၏ ဘေး သူဝင်ထိုင်တော့ အထိမခံနိုင်ဟန်ဖြင့် ဘေးကိုရွှေ့သွားသောကြောင့် သူ့မှာအသည်းယားသွားရသည်။ အသည်းယားတိုင်းလည်း ပုံမှန်လိုအတင်းသွားဖျစ်ညှစ်လိုက်လို့မရ။ မျက်တော်ပြေဖို့ရာ ချော့မြူရဦးမည်လေ။
အရက်ပျံစွတ်ထားသော ဂွမ်းစဖြင့် နှုတ်ခမ်းထောင့်စွန်းလေးကို ခပ်ဖွဖွတို့ထိတော့ သူ့လက်ကို တွန်းဖယ်ကာ
" မလိုဘူးလို့ ပြောနေတယ် ခင်ဗျား "
ဘေးတိုက်ကနေ သူ့ကိုလှည့်ကြည့်လာသော စိတ်ဆိုးဟန် အကြည့်စူးစူးက အချစ်ဗိုင်းရပ်စ်သန်းပေါင်းများစွာတွယ်ကပ်နေသော အချစ်မြှားကလေးတစ်စင်း သူ့နှလုံးသားလေးထဲ ခပ်နက်နက်ထိစိုက်ဝင်သွားသလို။
" ကိုကိုက တောင်းပန်ပါတယ်ဗျာ စိတ်ကဆက်ဆိုးချင်ရင်လည်းဆိုးပါ ကိုကိုမတားပါဘူး။ ဒါပေမယ့် ဆေးတော့လိမ်းခွင့်ပြုပါ ကလေးရာ ... နော် "
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်