Ep - 22

20 4 0
                                    

ဒုတိယမြောက်ညတွင် စပျစ်ခြံထဲ၌ သောက်စားပါတီတစ်ခု လုပ်ဖြစ်ကြသည်။
လင်းသုဇော်နှင့် ရဲမင်းသစ်က အသားကင်နေကြပြီး မိန်းကလေးတစ်စုက အမြည်းများပြင်ဆင်ကာ ပိုင်ဇေခန့်နှင့်တခြားသူများမှာ မြို့ထဲသို့ ဘီယာသွားဝယ်လေသည်။

" ကိုရဲ ... အဲ့ဒါ ကျက်ပြီဗျ "

" အာ မကျက်သေးပါဘူးကွ "

" ဟာဗျာ တူးကုန်တော့မှာပဲ ကျက်ပါပြီဆို "

" နေဦး  မြည်းကြည့်လိုက်မယ် ဟား အ ပူလိုက်တာကွာ "

"ကလေးလိုပဲဗျာ "

သူတို့နှစ်ယောက် တဟားဟားရယ်မိကြတော့သည်။

" ဘီယာတွေ ပါလာပြီဟေ့"

ခြံတွင်းသို့ဝင်လာသော ဆူဆူညံညံအသံများကြောင့် သူလှည့်ကြည့်တော့ အစ်ကိုနှင့်အကြည့်ချင်းဆုံသည်။ ချက်ချင်းရှောင်ခွာသွားသော မျက်ဝန်းတို့သည် အလိုမကျမှုတို့ စွန်းထင်းနေသယောင်။ သူအမှတ်မှားတာပဲဖြစ်ပါမည်။

အားလုံး စားကြ၊သောက်ကြနှင့် အရှိန်လေးရလာတော့ တစ်ယောက်တစ်ပေါက် ဝိုင်းဖောက်ကြတော့သည်။

" ဟေး အရမ်းတိတ်ဆိတ်မနေဘူးလား "

" ဟုတ်တယ် လိုနေတာ music "

" Dj လား "

" No No ဂစ်တာရှိတယ် မနက်က ငါ ရှာတွေ့ထားတာ နေဦး သွားယူလိုက်မယ် "

" ကိုမင်းတို့လုပ်ပြီ ဂစ်တာလည်းမတီးတတ်ဘဲနဲ့"

သူလည်း အတော်အသင့်သောက်ပြီး ထွေနေပြီဖြစ်သည်။ ရှပ်လက်ပြတ်နှင့်ဘောင်းဘီတိုကပင် သူ့အတွက်ပူလွန်းနေသည်။ ဘီယာရှိန်ဖြင့် ပူထူနေတာသာဖြစ်မည်။

" ဟယ် ... မောင်လေးမျက်နှာတွေ တအားရဲနေပါလား "

ဆူးငယ်ငယ်သွေးက သူ့ကိုကြည့်ပြီး ပြောလာခြင်းဖြစ်သည်။

" အာ ဟုတ်လား မဆူး"

သူ မျက်နှာကိုလက်ဖြင့်တအားပွတ်လိုက်မိသည်။ သူ့ခေါင်းတစ်ခုလုံးလည်း မူးနောက်နေပြီဖြစ်သည်။

" ကဲ ဂစ်တာတော့ရလာပြီ ဘယ်သူတီးချင်လဲ "

နိုနိုကိုက ကိုမင်းလက်ထဲမှ ဂစ်တာကိုယူကာ ပိုင်ဇေခန့်အားပေးလိုက်သည်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now