Ep - 24

120 9 1
                                    

ညနေစောင်းဖြစ်သည်ကတစ်ကြောင်း၊ပွဲတော်ကာလမဟုတ်သည်က တစ်ကြောင်းကြောင့် ပိတ်ရက်နေ့၏ လမ်းမကြီးသည် အတန်ငယ်တော့ဖြင့် လူသူကင်းရှင်းနေ၏။
ပိုင်ဇေခန့်သည် သူ၏ ဆိုင်ကယ်ဖြင့် သူ့ပိုင် ပင်လယ်ကလေးကို တင်ဆောင်ကာ ဘုရားသို့ မောင်းနှင်နေသည်။

ဆိုင်ကယ်ဦးထုပ်ဆင်တူ၊ရှပ်အရောင်ဖျော့ကလေးများအား ဆင်တူယိုးစွဲဝတ်ဆင်ထားကြသည့် သူတို့နှစ်ဦးမှာ
ကမ္ဘာမြေ၏ အဖိုးတန်ရင်းမြစ်များလို တင့်တယ်ခန့်ညားစွာ လှုပ်ရှားသက်ဝင်နေပါ၏။

သူ၏ကျောပြင်ဆီမှ အနွေးဓာတ်ကလေးနှင့် သုံးရာသီလုံးလုံး အတူတကွဖြတ်ကျော်ပြီးသည့်တိုင် မြတ်နိုးစွာခုံမင်ရဆဲပင်။

ချစ်စကား၊ကြိုက်စကားများအား သူကပင်ဦးဆောင်ပြောနေရသော်လည်း ကလေးငယ်အား သူ့မှာစိတ်မကွက်ရက်။ ကလေးငယ်သည် သူ့ကိုပျော်ရွှင်စေလိုခြင်းကြောင့် မငြိုမငြင်အနားမှာနေပေးခဲ့ခြင်းကိုပင် သူ့မှာ ကျေးဇူးတင်စိတ်၊ချစ်မြတ်နိုးစိတ်တို့ အတောမသတ်နိုင်အောင် ရှိရပါသည်။

ဘယ်လိုလူကများ သူတစ်ပါးပျော်ရွှင်ရအောင် ကိုယ့်အချိန်တွေကို ဖဲ့ပေးနိုင်မှာလဲလေ။

တစ်ခါတစ်ရံတွင် ကလေးငယ်ကို အားနာစိတ်ဖြစ်မိရသော်လည်း သူ၏ လူသားဆန်ဆန်လောဘတက်မှုဖြင့် ကလေးငယ်ကို လက်မလွှတ်ဘဲ တွယ်ကပ်နေမိခြင်းပင်ဖြစ်သည်။

ကလေးငယ်၏ လိင်စိတ်ခံယူမှုသည် သူ့ကြောင့်ပင် တိမ်းမှောက်ခဲ့ရခြင်းဖြစ်သည်။
သူ့လောဘနွံထဲ ကလေးငယ်ကို နှစ်မိခဲ့ပြီဟု ချစ်သူသက်တမ်းတစ်နှစ်တာလုံး အကြိမ်ကြိမ်အခါခါ တွေးမိသော်လည်း ...။

သူသည် လူများစွာထဲက လူသားတစ်ဦးပင် ဖြစ်သည်မဟုတ်ပါလား။

ဘုရားဝန်းရှေ့ ဆိုင်ကယ်ရပ်ပြီးသည်နှင့် နှစ်ဦးသား ဘေးချင်းယှဉ်ကာ လမ်းမတစ်လျှောက်ဝင်လာခဲ့ကြသည်။ ကျနေရောင် တစ်စွန်းတစ်စက လင်းသုဇော်၏ မျက်နှာနုနုလေးများအပေါ် တို့ထိဆော့ကစားနေ၍ ဖြူနုသောမျက်နှာသည် အနည်းငယ် အရောင်ရင့်လာသည်။

" ညီ့ကို sunkiss နေပြီ ကိုယ် သဝန်တိုတယ်ကွာ "

" အဲ့လောက်ကြီးကျ လွန်တာပေါ့ "

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now