Ep - 10

34 6 0
                                    

စနေနေ့တိုင်း ပိုင်ဇေခန့်တစ်ယောက် ခရေပင်ရိပ်အောက် ‌စောင့်ဆိုင်းခဲ့သော်လည်း သုံးပတ်ကျော်လို့ လေးပတ်ထဲဝင်တော့မည့် အချိန်ထိ လင်းသုဇော်၏ အရိပ်ကိုမျှ မဖမ်းဆုပ်နိုင်ခဲ့။

social media acc တွေပါ active မဖြစ်တော့တဲ့အထိ ဖြစ်လာချိန်မှာတော့ သူ အနှီကောင်လေးအိမ်ရှေ့သို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် ရောက်ခဲ့ရပြန်သည်။

သူ ဝန်းတံခါး နားရပ်၍ ဘဲလ်တီးလိုက်မိသည်။

ခဏအကြာ အလွယ်ပေါက် တံခါးငယ်က ပွင့်သွားပြီး ဦးလေးတစ်ယောက် ထွက်လာသည်။

"ဘာအလိုရှိလို့လဲ"

"ဦးလေး ကျွန်တော်က လင်းသုဇော်တို့ ကျောင်းက စီနီယာပါဗျ သူ ကျောင်းမရောက်တာကြာလို့ စိတ်ပူပြီးလာကြည့်တာပါ "

"ဟေ ... မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား"

"ဗျာ ... ဟုတ်ပါတယ်ဗျ "

" ကလေးက ပြည်ပကို ဟိုတစ်ပတ်ကပဲ ထွက်သွားပြီလေ "

"ကလေးဆိုတာ လင်းသုဇော်ကို ပြောတာလားခင်ဗျ"

"ဟုတ်တယ်လေ ... ကလေးက ဟိုမှာပဲကျောင်းဆက်တက်တော့မှာ ဦးလေးတောင် ကျောင်းထုတ်မယ့်နေ့က လိုက်ပို့ရသေးတယ် မင်းက ဘယ်လိုလုပ် မသိတာတုန်း"

" ကျွန်တော် ... ဟို ... ဦးလေးပြောတာ တကယ်လားဗျ ... ခု သူ... လင်းသုဇော်က ဒီမှာ မရှိတော့ဘူးပေါ့ "

"အေး "

"သူ ... နေရောကောင်းရဲ့လား ... အဆင်ရောပြေရဲ့လားဗျာ "

"မသွားခင် ရှေ့အပတ်က အဖျားကြီးပြီး သတိလစ်လိုက်သေးတယ် ..."

"ဗျာ ... သတိလစ်တဲ့အထိတောင်လား ဘယ်လိုတောင်ထားရက်ကြတာလဲဗျာ "

"ဟ မင်းက ဘယ်လို ..."

"အာ ... အဲ .. မဟုတ်ပါဘူးဗျ ကျွန်တော် ..."

"မင်းက သူ့စီနီယာဖြစ်ပြီး သူ ကျောင်းထွက်တာကို မသိဘူးလား "

" ကျွန်တော်မှားတာပါ ... ကျွန်တော်မှားတာပါဗျာ "

ဦးလေး ဘယ်လိုကျန်ရစ်ခဲ့လည်း သူမသိ။

သူသိတာတစ်ခုက သူတို့ ဇာတ်လမ်းကမစခင်ကတည်းက အဆုံးသတ်ရောက်ခဲ့ပြီ ဆိုတာပင်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now