ရေချယ်က Central Park တွင် တွေ့ကြမည်ဟု ချိန်းဆိုလာ၍ လင်းသုဇော်တစ်ယောက် သူ၏ Chevy Corvette stingray ကားလေးကို မောင်းနှင်ကာ သီချင်းလေးတညည်းညည်းဖြင့် ထွက်လာခဲ့၏။
'Shall I stay ...
Would it be a sin
But I can't help falling in love
with you... 'သီချင်းညည်းရင်းမှ ဤသီချင်းအား ခဏခဏဆိုကာ သူ့အားကြူးလေ့ရှိသည့် တစ်ယောက်သောသူကို သတိရမိပြန်သည်။
အလုပ်ဖြင့် ဩဇီကိုထွက်သွားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်၍ အနည်းငယ်တော့ လွမ်းဆွတ်သတိရမိသား။ သို့သော် အနှီလူကို မလွမ်းမိအောင်နေဖြစ်သည်။သူ့အပိုင်လူသား၏ ဘယ်အစိတ်အပိုင်းကိုမှ တစ်ပါးသူအားမထိတွေ့စေချင်၊ဒါကိုမှ သူမြတ်နိုးမဝသည့် အစိတ်အပိုင်းအား ကျူးကျော်ခံလိုက်ရခြင်း၊သူ့အမှားမဟုတ်သည့်တိုင် ခံပြင်းလွန်း၍ အနှီလူကို သူလျစ်လျူရှုမိသည်။အနှီလူကိုမြင်တိုင်း ထိုပုံရိပ်ကအာရုံမှာလာထင်သည်။
ဩဇီမှနေ၍ နေ့စဉ် မနက်၊ညမပြတ် ဖုန်းခေါ်၊စာပို့လုပ်သူအား တစ်ပတ်လုံးလုံး ပြန်စာမပို့ဖြစ်သလို၊ဖုန်းလည်းမကိုင်ဖြစ်ပါ။
သူလွန်သလားတော့မပြောတတ်၊သူ စိတ်ဆိုးခံပြင်းတာကိုပဲသိသည်။ဒီလူ့ကို သူ့အပိုင်ပါဟု တံဆိပ်ခတ်လိုက်ချင်ပြီး ဘယ်သက်ရှိ၊သက်မဲ့နှင့်မှ မသက်ဆိုင်စေလို။
ပိုင်ဇေခန့်၏ အရာရာအားလုံးကို သူသာလျှင် ပိုင်ချင်သည်။ သူ့နှင့်သာဆိုင်စေချင်သည်။
ကြားခံနယ်တို့မလိုအပ်ပါ၊ သူတို့နှစ်ဦးကြားတွင် မြူမှုန်လေးတစ်မှုန်ပင် မခြားစေချင်ပါ။သူ့ဘဝတွင် ပိုင်ဇေခန့်လောက် သူ့အပေါ် ချစ်ပေး၊ဂရုစိုက်ပေး၊သည်းခံအလိုလိုက်ပေးနိုင်မည့် ဒုတိယလူ ရှိမလာနိုင်။ ရှိလာရင်တောင် သူမလိုချင်၊မလိုအပ်၊ သူလိုတာ ပိုင်ဇေခန့်ပင်ဖြစ်ပါသည်။
Central Park သို့ရောက်သည်နှင့် ထိုင်နေကျ ပန်းခြံခုံလေးတွင် ငြိမ်ဆိတ်စွာထိုင်ရင်း သူ့အတွေးများက ပိုင်ဇေခန့်ထံတွင်သာ။
ရှပ်အဖြူလက်တိုကို ကာကီရောင်ဘောင်းဘီရှည်ဖြင့် တွဲဝတ်ထားပြီး နီစွေးစွေးဆံပင် တိုရှင်းရှင်း၊နဖူးပေါ်ဝေ့ဆင်းနေသော ဆံစတို့အောက်မှ စိမ်းပြာရောင်မျက်ဝန်းလေးများ၊နီရဲနေသောကကြီးပုံနှုတ်ခမ်း၊ဖြူလွလွအသားအရည်တို့ဖြင့် လင်းသုဇော်သည် ခုံတန်းရှည်တွင် ခြေချိတ်ကာထိုင်နေဟန်မှာ နတ်ဘုရားတစ်ပါးအလားပင်။
![](https://img.wattpad.com/cover/348072426-288-k680452.jpg)
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်