ဖူးစာ အနည်ထိုင်ခဲ့ပြီပဲ ပြောရမလား ။
သူ စေတန်ငယ်လေး ကို အပတ်တိုင်းလိုလို တွေ့ခွင့်ရဖို့ အကြောင်းဖန်လာခဲ့သည်။
ပိတ်ရက် စနေနေ့တိုင်း မနက် ၈နာရီလောက်ဆို စေတန်ငယ်လေးက ကစားကွင်းကို သူ့စီးတော်ဘုတ်ကြီးနှင့် ရောက်လာတတ်သည်။စေတန်ငယ်လေး စကိတ်စီးတာကို သူ့မှာ ခရေပင်ရိပ်အောက်ကနေ မသိမသာရော၊သိသိသာသာပါ ငေးရင်း ၁၀နာရီလောက်မှာ စေတန်ငယ်လေး ပြန်ချိန်နှင့်ကပ်၍ ပြန်ဖြစ်နေသည်မှာ တစ်ပတ်နီးပါးပင် ရှိပြီ။
ထုံးစံအတိုင်း စက်ဘီးကို အရိပ်အောက်ရပ်၊ ခရေပင်ရိပ်အောက် ထိုင်နေမိသည်။
ရှပ်အဖြူ၊ဘောင်းဘီအနက် ဒူးတို ဝတ်ထားသောသူ နှင့် တိုက်ဆိုင်စွာ ယနေ့မှ စေတန်ငယ်လေးက သူ့လိုပင် အပေါ်ဖြူ၊အောက်နက် ဖြင့် ထပ်ပြီး သူ့လိုပဲ လျှာထုပ်ဦးထုပ်အနက် ကိုပါ ဆောင်းထားသေးသည်။မရည်ရွယ်ပါဘဲ တူညီနေသည်ကို
သူ့မှာ သဘောတကျဖြင့် ပြုံးမိရသေးသည်။စကိတ်စီးရင်း ပန်းခြံထဲဝင်လာသော ဂျေးသည် သူ့မျက်နှာချင်းဆိုင်မှ စကိတ်ကွင်းထဲ ဝင်သွားတော့သည်။
နိုနိုကိုပြောသည့် Mullet hair , dark red color ဖြင့် ဂျေးသည် သူ့မျက်လုံးထဲက မထွက်ဘဲ သူ့သိစိတ်၊မသိစိတ် အာရုံအလုံးစုံကို အပိုင်သိမ်းနိုင်သည့် အရည်အချင်းတို့ ရှိနေသည်။
သူကြည့်နေတုန်း တခြား စကိတ်စီးနေသည့် သုံးယောက်တစ်ဖွဲ့က ကွင်းထဲဝင်သွားသည်။
စေတန်ငယ်လေးကလည်း အကွက်ပြကောင်းတုန်း၊အမြင့်ကနေ အရှိန်နဲ့ဆင်းလာပြီး၊စကိတ်နဲ့ သူ့ခြေ လွတ်သွားတဲ့အခါမျိုးမှာ ကြည့်ရသူ အသက်တငင်ငင်။ သူ့ခြေ နဲ့ စကိတ်ပြန်ထိ ၊ မြေပြန့်ပေါ် ပြန်ရောက်မှ အပြင်ကိုခုန်ထွက်တော့မယ့် နှလုံးဟာ သူ့နေရာသူပြန်ရောက်ရတာ။
သူ့မှာ ကိုယ့်သေတွင်းကိုယ်တူးမိတဲ့အဖြစ်။
သေတွင်းလေးက လှရက်လွန်းတော့လည်း
စိတ်လိုလက်ရ ခုန်ဆင်းမိပြန်သည်။ရုတ်တရက် အပြန်အလှန်ငြိသွားကြပုံရသည်။စေတန်ငယ်လေးက မလဲကျသွားသော်လည်း တစ်ဖက်က ဒလိမ့်ခေါက်ကွေး လဲသွား၏။
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်