ပိုင်ဇေခန့် အိပ်ရာပေါ်လူးလိမ့်ရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။ အချိန်မှာ သန်းခေါင်ကျော်၍ မိုးလင်းလုပြီ။
ရင်ဘတ်ပေါ်လက်နှစ်ဖက်ယှက်တင်ရင်း မကြာသေးခင်အချိန်က ထွေးပိုက်ခဲ့ရသော အနွေးဓာတ်ကလေးကို တစိမ့်စိမ့်တွေးရင်း ကြည်နူးရသည်။ကလေးငယ်က သူ့အနားနေရတာကို ပျော်တယ်တဲ့လေ ..။
သူ့မှာ ဒီစကားကြားလိုက်ရတုန်းက ခွေလဲမတတ် ဖြစ်ခဲ့ရသည်။
သူ့အနားနေပေးဖို့ ကလေးငယ် ကိုယ်တိုင်က စိတ်ထဲရှိနှင့်နေသည်။သူဘယ်လိုလုပ်ပြီးများ မပျော်ဘဲနေမလဲ။
ဒါက သူဆယ်နှစ်လုံးလုံး မျှော်လင့်တောင့်တခဲ့ရတဲ့ လိုအင်ပဲလေ။သူအကြိမ်ကြိမ် ပြိုဆင်းခဲ့ရတဲ့ ပင်လယ်အိုင်လေး ...
သူအကြိမ်ကြိမ်အဖန်ဖန် မြတ်နိုးမိတဲ့ အဖိုးတန်သက်ရှိလေး ...
သူ ထပ်တလဲလဲ လိုချင်တောင့်တခဲ့တဲ့
ဘုရားသခင်ရဲ့ ကောင်းချီးလေး ...ဒီလို ရတနာလေးနဲ့ ဆိုင်ခွင့်ရတဲ့အတွက်
သူ ဖော်ပြဖို့မတတ်နိုင်လောက်တဲ့ထိ
ကြည်နူးပျော်ရွှင်ရပါတယ်။'ချစ်တယ် ' ဟူသော ရင်မှဖြစ်တည်သည့် စာတိုကို ရှိသမျှ social media acc တိုင်းဖြင့် ကလေးငယ်ထံပါး ဆက်သဖြစ်ပါသည်။
'ဟုတ်' ဟူသော ပြန်စာကပင် သူ့ကို ရူးမတတ် ဖြစ်စေပြန်သည်။
' မအိပ်သေးဘူးလား မနက်၃နာရီထိုးနေပြီ '
'မအိပ်သေးဘူးလား' ၏နောက်က 'ကလေး' ဟူသောစာကို အကြိမ်ကြိမ်ဖျက်ပြီးမှ ပို့မိခြင်းကို နောင်တအနည်းငယ်ရမိသည်။
seen ပြပြီး တော်တော်နှင့်ပြန်စာမလာ၍ သူ့မှာ မချင့်မရဲဖြစ်ရသည်။
ခဏကြာတော့ အစက်ကလေးသုံးစက်လူးလွန့်လာသည်။ သူ့မှာ အစက်ကလေးတွေလို လူးလွန့်ခုန်ပေါက်နေသော ရင်ခုန်သံများကို ချိုးနှိမ်ရင်း စောင့်စားမိသည်။' ဟုတ် ... ကျွန်တော် အိပ်မပျော်လို့ဗျ '
ကလေးငယ်၏ ပုံစံကလေးကို မှန်းဆတွေးတောရင်း ယခုချိန် အနားရှိပါက ငှက်ပေါက်စ၏ ဆံစနီနီကလေးများအား သူဆွဲဖွမိလောက်သည်။
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်