စိမ်းပြာရောင် မျက်ဝန်းပိုင်ရှင်အား ရှာပုံတော်ဖွင့်ရန် ကမ်းနားလမ်းသို့ ညနေတိုင်းသွားသော်လည်း သူ အနှီကဝေကောင်လေးအားတစ်ရက်မှမတွေ့မိ။
တစ်ပတ်မြောက်သော ညနေခင်းတွင်..."ဟဲ့ နင်ခုတလော မူမမှန်ဘူး"
ဟု နိုနိုကိုက မေးလာသည်အထိ သူမူပျက်နေခဲ့သည်။
"ငါ အကြည့်တစ်ချက်ကို မြင်မြင်ချင်းစွဲလမ်းမိခဲ့တယ်လို့ ပြောရင် နင်ဘာပြောမလဲ"
"ဘုရားသခင်!"
အံ့ဩရိပ်ထင်သော နိုနိုကိုအား သူခပ်ပြုံးပြုံးပင်ကြည့်နေလိုက်သည်။
"ဘယ်တုန်းက..."
"ဟိုတစ်ပတ်က..."
"ဘယ်လိုလဲ ငါ့လောက်ချောလား"
သူခေါင်းမော့ကာရယ်မိသည်။
မျက်ခုံးထင်းထင်း၊အသားလင်းလင်း သူ့ပုံစံက တိုရှင်းရှင်းဆံပင်တို့ဖြင့် လိုက်ဖက်နေသည်။သူကနှုတ်ခမ်းကို မဲ့မလို၊ပြုံးမလိုဖြင့်"မိန်းကလေး မဟုတ်ဘူး"
"ဘာ"
ဒီနေ့အတွက် ဒုတိယမြောက် စပရိုက်ကို လက်ခံလိုက်ရဟန်ဖြင့် နိုနိုကိုရဲ့ ခပ်မှေးမှေးမျက်ဝန်းအိမ်တွေဟာ ပြူးကျယ်နေတာမရပ်တော့။
"ဟဲ့ နင်..."
စကားမဆက်နိုင်ဖြစ်နေသူကို
စကားထောက်ပေးမိသည်။"အင်း...ငါ ဘာဖြစ်လဲ"
"နင်သေချာလား"
"တစ်ခဏစာလား တစ်ဘဝစာလား ဆိုတာကတော့ ရေစက်ကိုကြည့်ရမှာပဲ"
" တစ်ခါဆုံရင် အမှတ်တမဲ့၊နှစ်ခါဆုံရင် ရေစက်၊ သုံးခါဆုံရင် ဖူးစာ အဲ့လိုမျိုးလား"
"အင်း"
နှစ်ယောက်လုံး စကားဆိတ်မိကြသည်။
မိနစ်ပိုင်းလောက်ကြာမှ နိုနိုကိုက သူ့ကိုမကြည့်ဘဲ"နင် မိန်းကလေးတွေကို သဘောမကျတတ်ခဲ့တာလား"
ဟု သူစိမ်းဆန်စွာ မေးလာပါသည်။
"နင် ငါ့ကိုမယုံဘူးပဲ"
"မဟုတ်ဘူး ငါပြောချင်တာက နင်..."
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်