Ep - 12

17 4 0
                                    


Game အသစ်ကို လက်ရှိတွင်ချပြထားပြီး ဇာတ်ကောင်များကိုပါ တစ်လလျှင် တစ်ယောက်နှုန်း public ချပြထားသည်။
ဇာတ်ကောင်နေရာက နောက်ဆုံးနှစ်နေရာသာ ကျန်တော့သည်။ ယခု program က နယူးယောက်ရုံးချုပ်က သူတို့ကိုသီးသန့်လုပ်ခွင့်ပေးထားခြင်းဖြစ်၍ မြန်မာဖြစ် ဂိမ်းပင်ဖြစ်သည်။

ဒါက ရွှေမြန်မာတို့ အရည်အသွေးကို ချပြရခြင်းလည်းဖြစ်၍ သူတို့တစ်ရုံးလုံး တက်ကြွ‌နေကြပါသည်။ တာဝန်ကိုယ်စီယူကာ အသီးသီး ကဏ္ဍလိုက် တာဝန်များကိုကျေပွန်နေကြရတော့သည်။

လင်းသုဇော်သည်လည်း နောက်ဆုံးဇာတ်ကောင်တွေထဲ မိမိဖန်တီးသည့် လက်ရာကို ရွေးချယ်ခံရရေးအတွက် ကြိုးစားဖန်တီးနေသည်မှာ ကွန်ပျူတာရှေ့မှပင်မခွာ။
ရုံးခန်းကျယ်ထဲတွင် သူတို့ Game designer ချည်းပဲ အယောက် နှစ်ဆယ်ရှိသည်။

သူသည် ထုံးစံအတိုင်း ကော်လာပါရှပ်အဖြူလက်တို ကို ကျပ်ထုတ်မနေဘဲ အတန်ငယ် ပွသော၊ပွ‌သော်ငြား ကြည့်ကောင်းလှသော
စတိုင်ဘောင်းဘီ ကော်ဖီညိုရောင် ဖြင့် တွဲဝတ်ထားသည်။

နီစွေးစွေး ဆံစများက နဖူးပြင်ပေါ်သို့ အသည်းပုံစံ ခွေဝိုက်ကျနေသည်။

သူ အာရုံစိုက်နေတုန်း သူ့စားပွဲဘေးမှ တစ်ယောက်က မှန်နံရံကို လာခေါက်သည်။သူတို့ ရုံးခန်းတွင် အလုပ်စားပွဲများကြား တစ်ဝက်သာခြားသော မှန်နံရံကိုယ်စီရှိကြသည်။

" Yo!! ကျွန်တော်က ရဲမင်းသစ်ပါ "

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ "

"အသက်ဘယ်လောက်လဲ ကြည့်ရတာ ငယ်သေးမယ့်ပုံပဲ"

"၂၅ ပြည့်ပြီးပြီဗျ "

" အစ်ကိုက ၂၈ ၊ ရင်းရင်းနှီးနှီး ကိုရဲ လို့ခေါ်ကွာ ဒီမှာတော့ အားလုံးအဲ့လိုခေါ်ကြတာပဲ "

"ဟုတ်ကဲ့"

အပြုံးနှင့် တုံ့ပြန်ပြီးနောက် သူ ကွန်ပျူတာကို ပြန်လည် အာရုံစိုက်လိုက်သည်။ ကွန်ပျူတာပေါ်မှ သူ့ကိုစူးစိုက်ကြည့်နေသည့် မျက်ဝန်းနက် ကိုမြင်သည်နှင့် သူ့နှုတ်ခမ်းစွန်းတို့ ကွေးညွတ်သွားသည်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now