ယနေ့ ရုံးတွင် အသေးစား ဆူညံမှုလေးတစ်ခုရှိနေသည်။ နယူးယောက်မှ Game designer လာမည်ဖြစ်၍ တစ်ရုံးလုံး လှုပ်လှုပ်ရွရွ။
Security operations center (SOC) team
ကလည်း အဖွဲ့ဝင်အသစ်ကို ကြိုဆိုဖို့အရေးကို တက်ကြွနေသည်။အထပ်ပေါင်း ၃၀ ရှိသော ရုံးပေါ်မှ ပုံမှန်ဆို မည်သူမှ တက်လိုက်ဆင်းလိုက် မလုပ်ချင်ကြ၊ ၂၅ထပ်ရှိ ရုံးတွင်းကဖေးသို့ပင် မသွားလို၍ သူသွား ငါမှာ ၊ ငါသွားငါမှာ တွေ လုပ်ကြသည့် အနှီလူများသည် ယခုမူ ရုံးအောက် မြေညီထပ်သို့ပင် ရောက်နေကြပြီ။
ပိုင်ဇေခန့်ကတော့ နိုနိုကို၏ "မြန်မာပီပီသသ နွေးနွေးထွေးထွေး ကြိုရအောင်ပါ " ဟူသည့် လျှောဆွဲမှုဖြင့် သူ၏ အဆင်ငမ်းမည့် ဖြစ်အင်ကို ဝင်ကာပါရမီဖြည့်ပေးလိုက်ရသည်။
ပိုင်ဇေခန့်က ရှပ်အဖြူလက်ရှည်ကို တန်းတောင်ဆစ်နားထိခေါက်တင်ထားပြီး ဂျင်းဘောင်းဘီ အပြာဖျော့ထဲ ရှပ်အစွန်းကို မြှုပ်မဝတ်ဘဲ ဖော်ကာ free style ဝတ်ထားသည်။
သေချာဖီးသင်ထားသော ဘေးခွဲဆံပင်မှ ဆံစအနည်းငယ်သည် နဖူးပေါ်သို့ဝေ့ဝဲကျနေသည်။ဒါက manly ဖြစ်မှုများစွာထဲက လူငယ်ဆန်သော ဟန်ကို ခပ်ပါးပါး လှစ်လှပ်ပြထားခြင်းပင်။ အသက်၂၈နှစ် အရွယ် ဤအမျိုးသားသည် ခန့်ညားခြင်းတစ်ဝက်၊ချောမောခြင်းတစ်ဝက်၊တည်ကြည်ခြင်း တစ်ဝက်ဖြင့် ပေါင်းလိုက်တော့ perfect ဟူသည့် ရလဒ်ထွက်လာသည်။သို့သော် အနှီသူတွင် ချို့ယွင်းချက်လေးတစ်ခုက သေချာပေါက်ရှိနေသည်။
ရုံးချုပ်ရှေ့သို့ Chevrolet Corvette : stingray color တစ်စီး ဆိုက်ရောက်လာသည်။ အားလုံး၏ အကြည့်က ကားထဲမှ ထွက်လာမည့် သူထံ စုစည်းသွားသည်။
သဏ္ဍန်ဖြူတစ်ခုသည် ကားထဲမှ အေးဆေးသက်သာစွာ ထွက်ပေါ်လာသည်။
နီစွေးစွေးဆံစ၊ပြာလဲ့လဲ့ မျက်ဝန်းတစ်စုံ ကို
မြင်မြင်ချင်းမှာပင် သူ့ ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားပြီး သဏ္ဍန်ဖြူကလွဲ သူ့မြင်လွှာတွင် ဘယ်အရာမှမထင်တော့။လှစ်လှပ်ပြလာသော အပြုံးများက မူပိုင်မဟုတ်ခဲ့ရသည့်တိုင်၊ အများဆိုင်နာမ်မှန်း သိရှိသည့်တိုင် သူ့နှလုံးသွေးများ ရာနှုန်းပြည့် ဆူပွက်၏။
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်