Ep - 27

17 4 0
                                    

ပိုင်ဇေခန့် luggage ကိုဆွဲကာ အောက်ထပ်ဆင်းလာတော့ မေမေက မျက်ရည်စက်လက်ဖြင့် သူ့အနားရောက်လာသည်။

" တကယ်သွားတော့မှာလား သားရယ် မေမေ့ကိုမသနားဘူးလားဟင် "

" ကျွန်တော်တောင်းပန်ပါတယ် မေမေ ကျွန်တော့်ကြောင့် မေမေစိတ်ပင်ပန်းနေရပြီ "

" မေမေ့ကို စိတ်မပင်ပန်းစေချင်ရင် သားက မသွားပါနဲ့လား ဟင် မေမေ စဉ်းစားထားတာတစ်ခုရှိတယ် သားကို နိုနိုလေးနဲ့ စေ့စပ်ကြောင်းလမ်းပေးမလို့ "

" မေမေရာ ... မဖြစ်သင့်တာတွေ "

" မေမေတို့နှစ်ဖက်မိဘတွေက အရင်ကတည်းက တွေးထားနှင့်ပြီးသား
သားရယ် မေမေ့ကိုသနားရင် မသွားပါနဲ့နော် သား နော် "

သူ မေမေ့ကိုငုံ့ကြည့်ကာ မေမေ့ပခုံးသားများကိုဆုပ်ကိုင်လိုက်ပြီး

" မေမေ "

" အင် ဟင် "

" ကျွန်တော် ဆုံးဖြတ်ပြီးပြီ ကျွန်တော်သူ့ကို လုံးဝလက်မလွှတ်နိုင်ဘူး ဘာအကြောင်းကြောင့်ဖြစ်ဖြစ် "

မေမေ့ မျက်ဝန်းမှာမျက်ရည်များ ပြည့်လျှံလာပြီး ဆို့နင့်နေဟန်ဖြင့် အသံတစ်ချက်ထွက်မလာ။

" ကျွန်တော်သူ့ကို မြတ်နိုးတယ် မေမေ
  အဆုံးရှုံးမခံနိုင်လွန်းလို့ ဘယ်သူမှမသိအောင် သုံးနှစ်သုံးမိုး ဝှက်ထားခဲ့တာ အခုတော့ ကျွန်တော်ဝှက်ထားလို့မရတော့ဘူး
မေမေ ကျွန်တော့်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ် ကျွန်တော် သွားပြီ "

သူ အိမ်ရှေ့သို့ထွက်လာတော့ လင်းသုဇော်က သူ့ကိုစောင့်နှင့်နေသည်။ မီးခိုးဖျော့ရောင် ကားဘော်ဒီပေါ် တင်ပါးလွှဲထိုင်ရင်း သူ့ကိုမြင်တော့ လက်လှမ်းပြသည်။ ရှပ်လက်တိုအနက်၊စတိုင်ပန့်အနက်ဖြင့် တစ်ကိုယ်လုံးနက်စွေးနေသူအနား ရောက်တော့ သူ့လက်ထဲမှ luggage ကို ဆွဲယူသည်။

သူ့မျက်နှာအရိပ်အကဲကို လိုက်ဖတ်နေသည့် ဝက်ဝံပေါက်၏ မျက်နှာဖြူဥဥက မြတ်နိုးချင်စရာကောင်းလွန်းသည်။

" အိမ်ပေါ်က ဆင်းလာတာလား လူကြီး "

သူ့စိတ်အဆင်ပြေစေရန် စနောက်ပေးလာသူအား မဆုံးရှုံးချင်သည့်စိတ်ဖြင့် ခပ်ဖွဖွ ထွေးဖက်မိတော့ သူ့ကျောပြင်ကို ပုတ်ပေးလာသည်။ ဝက်ဝံပေါက်၏ ထွက်သက်တို့က သူ့ရင်အုပ်တို့ကို ကျီစယ်လာသည်တွင် ဆံပင်နီစွေးစွေးတို့ထံ မျက်နှာအပ်မိသည်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now