Ep - 4

185 12 0
                                    

ဘယ်နတ်ဘုရားက ဆင်း 'မ' လိုက်လဲ‌တော့
မသိ။ ဂျေးနှင့်ပတ်သက်သည့် အကြောင်းအရာတစ်စွန်းတစ်စကို ခရစ်စမတ်လွန်ပြီး တစ်ပတ်မြောက် တနင်္ဂနွေမှာ နိုနိုကိုထံမှ သိခွင့်ရခဲ့ပါသည်။

ဘုရားကျောင်း သွားတက်သော နိုနိုကိုက ခရစ်စမတ်နေ့၏ ဒံပေါက်အလှူရှင်ဟာ ဂျေးတို့မိသားစုဖြစ်ကြောင်း ပြောလာသည်တွင် လက်ဆောင်ရခဲ့သော postcard များကို ထုတ်ကြည့်ရတော့သည်။

အလှူရှင်၏သားနေရာမှာ တစ်လုံးတည်း ရပ်တည်နေသော နာမကိုတွေ့တော့ ကြည်နူးချစ်စိတ်ဖြင့် မျက်ရည်ပင်ဝဲရသည်။
စာလုံးလေးတွေကို ခပ်ဖွဖွထိတွေ့ရင်း မျက်လုံးစိမ်းပြာပြာလေးကို မြင်ယောင်သည်။

'လင်းသုဇော်' တဲ့လား။

သူချစ်ရသူရဲ့ နာမည်က လင်းသုဇော်တဲ့လေ။
နာမည်လေးကအစ ချစ်ဖို့ကောင်းလွန်းနေသူကို ထပ်တွေ့ချင်စိတ်တို့ ယိုဖိတ်ရသည်။

ထို့နောက် နိုနိုကိုပြောပြခဲ့သော ဂျေး၏ အကြောင်းများ...

မိခင်မဲ့ကလေးငယ်သည် ဖခင်အရိပ်အောက်တွင် မွေးကင်းစအရွယ်ကပင် ကြီးပြင်းလာခဲ့ရပါသတဲ့။
လုပ်ငန်းရှင် ဖခင်၏ ဂရုမပြုနိုင်မှုအောက် အိမ်ထိန်းအဘွား၏ လက်တွင် မိဘရင်ငွေ့ကို ငတ်မွတ်ရင်း ကြီးပြင်းလာရရှာသည်။

မျက်ဝန်းများက စိမ်းပြာရောင် ဖြစ်နေရခြင်းမှာ မွေးရာပါဆိုသည်နှင့် google ပြေးခေါက်ကြည့်မိတော့ melanin ဟူသည့် ဓာတ်ချို့ယွင်းလျှင် ဖြစ်တတ်ကြောင်း တွေ့ရသည်။ သို့ဖြင့်ပင် ကလေးငယ်အပေါ် ကရုဏာသက်ခြင်းတို့ ထပ်လောင်း ပုံအောရတော့သည်။

ခရစ်ယာန်ဘာသာဝင် ကလေးငယ်အား ဘုရားသခင်က လျစ်လျူရှုခဲ့ သလားလေ..။

ပြန်ဆုံဖြစ်ကြပါလျှင် ကလေးငယ်အား ဂရုစိုက် ယုယပါမည်ဟု အလိုအလျောက်တေးမှတ်ထားလိုက်ပါ၏။

Private school တက်နေသော ကလေးငယ်ဟာ ဒီနှစ်မှာ ၁၅နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်တွေ့ဆုံခဲ့ချိန် ကလေးငယ်ဟာ
၁၃နှစ်သာ ရှိခဲ့သည်ပေါ့။

ဒုတိယအကြိမ် ဆုံခဲ့ချိန်မှာ ၁၄ နှစ်အရွယ် ကလေးငယ်၊ တတိယအကြိမ်မှာ ၁၅နှစ်အရွယ် ကလေးငယ်၊ ဘယ်အချိန်မှာ ထပ်ဆုံဖြစ်မလဲ မသိပေမယ့် အချိန်တွေကို မဆွဲဆန့်ချင်တော့။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now