ရင်းနှီးခဲ့ရသော ရပ်ဝန်းကလေးသို့ ချစ်ကြင်ရသော လူသားငယ်ကလေးနှင့် တွေ့ရန်လာရသည့် လမ်းတစ်လျှောက်တွင် လေပြည်ညင်းများသည်ပင် ချိုအီမွှေးပြန့်နေပါသည်။
ပိုင်ဇေခန့်တစ်ယောက် သူ့ အော်တိုဘီးအနက်ကလေးကို ကွင်းရှေ့ ထိုးရပ်လိုက်ချိန်မှာတော့ လင်းသုဇော်၏ ချက်ဗလက် မီးခိုးရောင်ကားလေး ရောက်နှင့်နေပြီကို တွေ့လိုက်ရသည်။
ကော်လာပါ ရှပ်အပြာဖျော့လက်တိုကို ဂျင်းအပြာဖျော့ဖြင့်တွဲဝတ်ထားပြီး ခေါင်းလျှော်စ ခပ်ဖွာဖွာဆံပင်ဖြင့် လူငယ်ဆန်နေလေသော ဤ ၂၈ နှစ်အရွယ် အမျိုးသားသည် သူ့ ညှို့မျက်ဝန်းပိုင်ရှင်ကလေးကို မြင်သည်နှင့် စကိတ်ကွင်းသို့ အပြေးနှင်လေသည်။
လင်းသုဇော်သည် ငယ်စဉ်ကလိုပင် ရှပ်နက်ပွ၊ကာဂိုပန့်အနက် ဖြင့် လွတ်လပ်ပေါ့ပါးစွာ စကိတ်စီးနေ၏။ ကြက်တောင်စည်းထားသော နီစွေးစွေးဆံစများက ထောင်နေလေတော့ ငှက်ပေါက်စကလေးလို ဖြစ်နေသည်။
ပိုင်ဇေခန့်ကို မြင်တော့ လက်လှမ်းပြသည်။
သူ ကွင်းထဲရှိ ညောင်ပင်ဝိုင်းတွင်ဝင်ထိုင်လိုက်သည်။ ခရေပင်မှ ညောင်ပင်ဝိုင်းထိ သူ့ခြေလှမ်းတွေ ရှေ့ရောက်နိုင်ခဲ့ပြီ။" ဆောရီး ညီ ကိုယ်နောက်ကျသွားတယ် "
" ကျွန်တော်ကသာ စောရောက်နေတာပါဗျာ
ဟူး ... မောလိုက်တာ "နံဘေးဝင်ထိုင်လာသူကို အသင့်ယူလာသော ရေဘူးကမ်းပေးတော့ မတုံ့မဆိုင်းယူသောက်သည်။ သူ့မယ် အိတ်တစ်လုံး၊ဂစ်တာတစ်လက်ဖြင့် အိတ်ထဲတွင်လည်း ရေကအစ သရေစာများအဆုံး အစုံအစိပါဝင်သည်။
ပြောရရင် ဒါက သူတို့ရဲ့ first date ပဲလေ ..။
Coke နှင့် အာလူးကြော်ထုပ်များကို အိတ်ထဲမှထုတ်လိုက်ပြီး
"အာလူးကြော်က မာလာရှမ်းကော၊ BBQ ၊
Hot & Spicy အရသာတွေပဲရလာခဲ့တယ် ညီ ကြိုက်တာစားလေ coke တော့အဆင်ပြေတယ်မလား "" ဟောဗျာ ... အများကြီးယူလာတာပဲ ပေါက်ပေါက်ရောပါသေးလားဗျ "
ကလေးငယ်၏ စနောက်မှုကြောင့် သူခေါင်းငုံ့ကာ ရှက်ပြုံးပြုံးမိသည်။
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်