ပတ်တီးဖြည်စ ခြေထောက်ကို အနားပေးသည့် သဘောဖြင့် သူ စကိတ်ကိုပေါ့ပေါ့ပါးပါးသာ စီးဖြစ်သည်။ ပုံမှန်ဆို အိမ်နှင့်သိပ်မဝေးသော ကွင်းသို့ စကိတ်စီးရင်းလာသော်လည်း ယခုမူ ကားဖြင့်သာ လာလိုက်သည်။ ကစားကွင်းသို့ရောက်သည်နှင့် သူ့ထက်အရင် ခရေပင်ရိပ်အောက် သူ့မိဖုရားနှင့်စံမြန်းနေသူကို မြင်လိုက်ရသည်။
သူဖျတ်ခနဲသာ အကြည့်ဝေ့ပြီး ကွင်းထဲ လျှောဆင်းလိုက်တော့သည်။
ရှပ်အညိုဖျော့၊ဘောင်းဘီအနက် ဒူးတို ဝတ်ထားသော အစ်ကိုက လူငယ်ဆန်၏။
အစ်ကိုက သူ့ထက်ကြီးလှ သုံး၊လေးနှစ်ပေါ့..။
အစ်ကို့ဘေးမှ အစ်မက ရှပ်အဖြူပွပွ ကို ဂျင်းနက်ပြာဖြင့်တွဲဝတ်ထားပြီး နှစ်ယောက်က လိုက်ဖက်နေသည်ကို သူ ခဏခဏခိုးကြည့်ရင်းမှ အသိအမှတ်ပြုရသည်။
ရုတ်တရက် အစ်ကိုက သူရှိရာခေါင်းလှည့်တော့ ဘာရယ်မဟုတ် ကျောခိုင်းဖြစ်သည်။
မာနကြီးတာလား ဘာလားမသိပေမယ့်
သူ အစ်ကို့ကိုခင်ကြောင်း မပြချင်ဘူး..။သို့သော် ကျောခိုင်းပြီးမှ လွန်သွားလား ဟုလည်း တွေးမိပြန်သည်။
တကယ်ဆို အစ်ကိုဟာ သူ့အပေါ် ကောင်းပေးခဲ့တာချည်း။ မရင်းနှီးကြပါဘဲ နှစ်ခါတိတိကူညီပေးခဲ့သည်။
လိုင်းပေါ်မှာ စကားလာပြောတာလည်း ရင်းနှီးချင်တဲ့ သဘောနေမှာပေါ့။
မျက်မှန်းတန်းမိနေကျ လူတစ်ယောက်ကို သတိတရ သတင်းမေးတတ်တာ အစ်ကို့အကျင့်လား၊ လူတိုင်း post ကို love react ပေးတတ်တာလား။
သူ့လိုပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူက
အစ်ကို့ အပြုအမူတွေကို နားမလည်နိုင်။ဒါက သမားရိုးကျ ပဲလား၊
ပုံမှန်ပဲလားပေါ့ ..။အစ်ကို့ဖက်က ဘယ်လိုဖြစ်ဖြစ် သူကတော့ ရင်းနှီးချင်မိ၏။
စကားအစမပျိုးချင်ခဲ့ရုံသာ..။
ရုတ်တရက် ဂစ်တာသံ သူ့နောက်မှ လွင့်ပျံလာတော့ မနေနိုင်စွာ လှည့်ကြည့်မိသည်။
မဝေးသော အကွာတွင် ဂစ်တာပိုက်ကာ ခြေချိတ်ထိုင်နေသော ခပ်ချောချော၊မိမိုက်မိုက် အစ်ကို့ကို မြင်သည်။ ဘေးမှ အစ်မချောချောလေးကတော့ အစ်ကို့ကို ပါရမီဖြည့်ဖို့ရာ ငြိမ်သက်စွာ ထိုင်မြဲထိုင်နေ၏။
![](https://img.wattpad.com/cover/348072426-288-k680452.jpg)
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်