Ep - 15

122 8 0
                                    

ပိုင်ဇေခန့် အလုပ်စားပွဲဘေး လူတစ်ချို့ဝိုင်းနေကြပြီး အားလုံး၏အကြည့်က screen ထံတွင် စုပြုံနေကြသည်။ကီးဘုတ်ဖိုက်တာ လုပ်‌နေသော သူ့လက်လှုပ်ရှားမှုကိုလိုက်၍ အားလုံးက ရင်တမမ။ ‌နောက်ဆုံးသော ဂိမ်းဇာတ်ကောင်ဖြစ်သည့်အပြင် project လှလှပပ ပိတ်ကားချနိုင်ဖို့ရာ သော့ချက်ဖြစ်၍ အားလုံးစိတ်လှုပ်ရှားနေကြသည်မှာ ငြင်းမရသော အမှန်တရားပင်ဖြစ်သည်။

လင်းသုဇော်သည်လည်း personal ပိုင်းအရ ထိုလူ့ကို မကြည်သော်ငြား professional ဆန်စွာပင် အနားကပ်၍ အားကိုးနေရသည်။
သူဖန်တီးသမျှ ဇာတ်ကောင်များထဲတွင် မျက်ဝန်းနက်ကို အားအရဆုံးဖြစ်၍ ခဲလေသမျှ သဲရေတော့အကျမခံနိုင်ပါ။

၁နာရီခန့် ကြာပြီးချိန်မှာတော့ မျက်ဝန်းနက်အား ကယ်တင်လိုက်နိုင်ပြီး security ပိုင်းကို
အထူးကြပ်မတ်လိုက်နိုင်တော့သည်။ Hacker ၏ profile ကိုပါရရှိပြီး ပိုင်ဇေခန့်က profile အား Manager ထံသို့ လွှဲပြောင်းပေးအပ်ပြီး သူ့တာဝန်အား အောင်မြင်စွာ အပြီးသတ်ခဲ့သည်။

"တာဝန်ကျေပါတယ်"

အားလုံးက အသိအမှတ်ပြု လက်ဆွဲ နှုတ်ဆက် ဂုဏ်ပြုလာကြသည်ကို ပိုင်ဇေခန့်က ပြုံးရင်းပင် ကျေးဇူးတင်စကားဆိုသည်။

သူ နောက်သို့အလှည့်တွင် လူစိမ်းကလေး၏ စိမ်းပြာရောင်ပင်လယ်အိုင် အတွင်း ရုတ်ချည်းနစ်မြုပ်သွားရလေသည်။

" ကျေးဇူးပါဗျ"

ရည်မွန်သော နှုတ်ထွက်စကားတွင် ကပ်ညိပါလာသော ကကြီးပုံနှုတ်ခမ်းလေး၏ ပြုံးရိပ်သမ်းပုံကြောင့် သူ့မှာ အဖန်တလဲလဲ ဆွံ့အငြိမ်သက် ကြောင်ငေးရပြန်သည်။
မိနစ်ဝက်လောက်အထိ သူ့နတ်ဘုရားကို ငေးမိပြီးမှ အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်ရသည်။ ‌ထွက်ခွာသွားသော ကျောပြင်ကို အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ဖူးသလိုပင် တွေငေးနေတုန်း နိုနိုကိုက အနားရောက်လာသည်။

" ခန့်ငယ် ... နင့်ကိုလေ တုံဏှီဘာဝေ နိုင်ချင်ဦး နိုင်ချင်ဦး ဆိုပြီး ရိုက်ချင်စိတ်ကို မြိုသိပ်ထားရတယ်"

သူလှည့်ကြည့်တော့ နိုနိုကိုက အဟုတ် သူ့ကိုနားရင်းအုပ်ချင်ဟန် ဖြင့် အံကြိတ်ပြောနေခြင်းပင်။သူ ခပ်သောသော ရယ်မိတော့

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now