Ep - 21

113 7 1
                                    

Summer break ဖြစ်၍ ဆူးငယ်ငယ်သွေး၏ အဘိုးရှိရာ စပျစ်ခြံသို့ အလည်အပတ်သွားသည့် ခရီးစဉ်တွင် လင်းသုဇော်လည်းပါလာခဲ့သည်။
၄နာရီကြာ ကားစီးရမည်ဖြစ်၍ သူ့ဘေးမှ ကိုရဲမင်းသစ်မှာ ခရီးစဉ်စကတည်းက အိပ်ငိုက်‌နေပြီ။ နောက်ခုံတွင် ပိုင်ဇေခန့်နှင့် SOC team မှ တစ်ယောက်ထိုင်နေလေသည်။

ပုံမှန်အခြေအနေသာ ဖြစ်ခဲ့ပါလျှင် အစ်ကိုသည် သေချာပေါက် သူ့ဘေးတွင်သာ ထိုင်လိမ့်မည်။

သူ့မွေးနေ့ပြီးကတည်းက အတိအကျပြောရလျှင် ဖွင့်ပြောပြီးသည့်နေ့ကတည်းက အစ်ကိုသည် သူ့အနားရစ်ဝဲမနေတော့ဘဲ ရှောင်လာခဲ့သည်။

အရင်ကဆို ရုံးမှာလည်းတွေ့၊အိမ်ရောက်ရင်လည်း video call ဖြင့် ဂစ်တာတီးကာ သီချင်းဆိုပြလေ့ရှိသူမှာ ယခုမူ ပျောက်ချက်သားကောင်း‌နေသည်။ သူ့ရှေ့ပေါ်မလာသလို၊မီးစိမ်းနေသော်လည်း စာတစ်စောင်ပင် ပို့မလာခဲ့။

IG account တွင်တော့ I do , Give me your forever စသည့် သီချင်းများကို sing for you ဟူသည့် caption ဖြင့်တင်လေ၏။

စပျစ်ခြံသို့ နေ့လယ် ၂နာရီလောက်တွင် ရောက်သွားကြသည်။ ဧပရယ်လ၏ နွေကပြင်းလှသော်လည်း စပျစ်ခြံတွင် အရိပ်ရအပင်ကြီးများပေါက်ရောက်နေ၍ အတော်အသင့်တော့ အေးမြနေသည်။ နွေလေရူးများကလည်း တစ်ချက်တစ်ချက်ဆော်သွေးလေရာ သင်းဖျဖျ ပန်းရနံ့အချို့ ဝန်းကျင်တစ်ခွင် ပျံ့လွင့်နေတော့သည်။

" ဆူးဆူးလေးတို့ ရောက်လာပြီဟေ့ "

စပျစ်ခြံမှ အလုပ်သမားအချို့နှင့် ဆူးငယ်ငယ်သွေး၏ အဘိုးဖြစ်ဟန်တူသော လူကြီးသည် သူတို့ကားပေါ်မှဆင်းသည်နှင့် နွေးထွေးစွာ ကြိုဆိုတော့သည်။

"ဘိုးဘိုး ... ဒါ ဆူးဆူးတို့ရုံးက လုပ်ဖော်ကိုင်ဖက်တွေ "

" အေးအေး ငါ့မြေးတို့ စပျစ်ခြံထဲပျော်သလိုသာနေကြ ဟုတ်ပြီလား "

အားလုံး ပျော်ပျော်ရွှင်ရွှင်ပင် အပြန်အလှန်နှုတ်ဆက်လိုက်ကြပြီး ဆူးငယ်ငယ်သွေးက နားရမည့်နေရာသို့ ခေါ်သွားပေးလေ၏။
ဧည့်သည်များနေထိုင်ရာ အိမ်ကြီးကပင် ခမ်းနားလွန်းနေသည်။သူတို့ နှစ်ယောက်တစ်ခန်းစီ လွတ်လပ်စွာနေနိုင်ပြီး ရေချိုးခန်းများပင်ပါရှိသေးသည်။ နယ်မြို့မှ စပျစ်ခြံသာဖြစ်သော်လည်း တစ်ဝန်းလုံးက အမှန်ပင် နေချင်စဖွယ်ဖြစ်နေသည်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now