Ep - 25

115 8 0
                                    

' ပန်းစံအိမ် ' ရှိရာသို့ ပိတ်ရက်တိုင်း ပိုင်ဇေခန့်က လိုက်လည်သည်။ ယခုလည်း သူတို့နှစ်ဦး၏ ဒုတိယမြောက် နှစ်ပတ်လည်နေ့ ဖြစ်၍ စံအိမ်၏ တတိယထပ်ကို ရှယ်ပြင်ဆင်ကာ အလုပ်ရှုပ်နေကြသည်။ အဘွားဖြစ်သူကတော့ သူ့မြေး စိတ်ချမ်းသာဖို့ မျက်စိရော၊နားပါ ပိတ်ကာ ဒုတိယထပ်တွင် သူ့ဘာသူအလိုက်တသိနေပေးရှာသည်။

ပိုင်ဇေခန့်၏ အစွမ်းကုန်ချစ်မြတ်နိုး ဂရုစိုက်ပေးမှုတို့ကြောင့်ပင်ဖြစ်မည်၊ နှစ်ဦးသား၏ ကြားက ဆက်ဆံရေးသည် ကတောက်ကဆ သေးသေးမွှားမွှားမရှိရအောင် အဆင်ချောခဲ့၊အဆင်ချောဆဲပင်ဖြစ်သည်။

ယခုလည်း ညနေစာ စားဖို့ ပြင်ဆင်သူရော၊ စားပြီး၍ သိမ်းဆည်းသူရောဟာ ပိုင်ဇေခန့်သာလျှင်ဖြစ်သည်။ ဒီကြားထဲ လင်းသုဇော်က အတင်းဝင်ကူ၍သာ လက်မခံချင်ပါဘဲ အောင့်သက်သက်ဖြင့် ကူခွင့်ပေးသည်။

ဒါကလည်း ကိုယ်သောက်မည့်ခွက်ထဲ ရေကို ကိုယ့်ဘာသာ ငှဲ့ခွင့်ရခြင်းမျိုးလောက်သာ။

ရောင်စုံမီးလဲ့လဲ့ကလေးများကို မှန်မျက်နှာပြင်တစ်လျှောက် အလှဆင်သွယ်တန်းထားပြီး ဆိုဖာရှေ့စားပွဲပေါ်တွင် ဝိုင်နီတစ်လုံး ဖောက်ထားသည်။ အသီး သုံးမျိုးလောက်ကို  လှီးပြီး ပန်းကန်ပြားကြည်ကြည်ထဲတွင် သပ်ရပ်စွာ ထည့်ထားသည်။

လင်းသုဇော်က ဆိုဖာပေါ်တွင် မှီ၍ ထိုင်ပြီး projector မှ နံရံသို့ အရိပ်ထင်နေသည့် ရုပ်ရှင်ကားကို ကြည့်နေသည်။ အခန်းမီးက မှိန်ဖျော့ဖျော့သာဖြစ်၍ ရောင်စုံမီးဆိုင်းလှလှလေး၏ အလင်းကသာ အခန်းထဲသက်ဝင်နေသည်။

ပိုင်ဇေခန့်က ဂစ်တာကိုင်ကာ ဝင်လာပြီး လင်းသုဇော်ဘေးတွင် ဝင်ထိုင်သည်။ ဂစ်တာကိုချကာ ရုပ်ရှင်ကြည့်နေသူ၏ နားထင်က မှဲ့နက်ကလေးကို ဖျတ်ခနဲ တစ်ချက်နမ်းပြီးမှ ဝိုင်ကို ဖန်ခွက်ထဲ ငှဲ့သည်။ ခွက်ကို ဘေးမှသူဆီ ကမ်းပေးပြီး ခွက်ချင်းတိုက်ကာ တစ်ငုံငုံလိုက်သည်။

ဝိုင်နီများကဲ့သို့ ယစ်မူးစေသော အလှနတ်ဘုရားက ဘေးတွင် ရှိနေလေတော့ ပိုင်ဇေခန့် စိတ်တို့ ပျော်မြူးကာ လှုပ်ခတ်လာတော့သည်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now