Ep - 16

20 4 1
                                    

အရိုးဆောင်တွင် တစ်ညအိပ်လိုက်ရပြီး မနက် ဆရာဝန်ကြီးလာသည်နှင့် ဓာတ်မှန်အဖြေပြ၊ မဆိုစလောက်လေး အဆစ်လွဲသွားရုံသာဖြစ်၍ ထိုနေ့၏ နေ့လယ်ပိုင်းတွင်ပင် ဆေးရုံဆင်းခွင့်ရ၏။ သို့သော် ခြေထောက်ကိုအနားပေးရဦးမည်ဖြစ်၍ နှစ်ရက်ခန့် အလုပ်မှခွင့်ယူဖြစ်သည်။ နှစ်ရက်လုံးလုံး ပိုင်ဇေခန့်လုပ်သည်က အသစ်တဖန်ပြန်လည်တွေ့ရှိထားသော သူ့နတ်ဘုရား၏
IG account ကို ရှာဖွေလှန်လှောကြည့်ရှုနေခြင်းပင် ဖြစ်လေသည်။

အနောက်တိုင်း အငွေ့အသက်တို့ခြံရံသည့် သူ့နတ်ဘုရား၏ ပုံရိပ်များကို ငေးမဝဖြစ်ရင်း၊ မဟောင်းနွမ်းခဲ့သော ရင်ခုန်သံတို့အား update မြှင့်ရင်း မြတ်နိုးစိတ်တို့ အဖန်တလဲလဲ ယိုဖိတ်နေသော သူ့အား ကယ်တင်မည့်သူသည် အိမ်တိုင်ရာရောက် ပေါက်ချလာတော့သည်။

"  မေ့သားရေ ... အောက်ခဏ ဆင်းခဲ့ဦးကွယ်
   ဒီမှာ နိုနိုလေး ရောက်နေတယ် "

မေမေ့အသံကြောင့် သူ့နတ်ဘုရားတင်ထားသော နောက်ဆုံး post မှ မျက်ဝန်းနက်၏ မင်သေသေမျက်ဝန်းကို ကြည့်ရင်း

" ငါ့ကောင်ရေ ... ခဏနေခဲ့ဦး မင်းသခင်ရဲ့သတင်းထူးလေးပါမလား ပြေးမေးလိုက်ဦးမယ် "

ဟုဆိုကာ အောက်ထပ်ကို ခပ်သွက်သွက်ကလေး ဆင်းလိုက်တော့သည်။

ထုံးစံအတိုင်း နိုနိုကိုသည် ထမင်းစားပွဲတွင် ထိုင်ကာ မေမေသုပ်ပေးထားသော နန်းကြီးသုပ်ကို အားရပါးရ သုံးဆောင်တော်မူနေလေသည်။ ငတိမ၏ ပခုံးကို ခပ်ဆတ်ဆတ်တစ်ချက်ရိုက်ရင်း သူ့ဘေးဝင်ထိုင်လိုက်သည်။

" နင်ကလူနာလာမေးတာလား ... ဂုန်းလာဆင်းတာလား"

" အန်တီ့လက်ရာ ပြောင်း၊မပြောင်း ဆန်းစစ်ကြည့်နေတာ "

" မျက်လုံးကြီးလည်း ပန်းကန်ထဲဝင်သွားဦးမယ် ... နေပါစေ မေမေ ထည့်ပေးမနေနဲ့ ဒီကောင်မလေးမှာ လက်ပါတယ် "

ရေနွေးထည့်ပေးနေသော မေမေ့ကို သူလှမ်းပြောတော့ မေမေကရယ်ပြီး သူ(မ)က သူ့ကို မျက်စောင်းထိုးလာ၏။

"အသက်တွေပဲ ၃၀နားနီးနေပြီ ... ကလေးလို ရန်ဖြစ်ကြတုန်း"

"ဟာ အန်တီရာ ... ၃၀ ဟုတ်ပါဘူး ၂၈ ပဲရှိသေးတာကို ၃၀ ပြည့်ဖို့ ၂နှစ်ကြီးများတောင် လိုသေးတယ် "

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now