ပိုင်ဇေခန့်ဘဝမှာ စောင့်ဆိုင်းရခြင်းက ဒီလောက် ရင်ခုန်စိတ်လှုပ်ရှားရကောင်းမှန်း မသိခဲ့ရိုးအမှန်။
သူတစ်ပတ်လုံး ပျော်ပျော်ရွှင်ရွှင်စောင့်ဆိုင်းခဲ့သည်။ ဝက်ဝံပေါက်က အိမ်ပြန်ရမည့် သောကြာညနေမှ ဖုန်းကိုင်မည်ဖြစ်၍ အဆက်အသွယ်လုပ်လို့မရသည့်တိုင် သူစိတ်လက်ရှည်စွာ စောင့်ဆိုင်းခဲ့ပါသည်။
သူ့အတွေးတွေတိုင်း ဝက်ဝံပေါက်၏ လွတ်လပ်ပေါ့ပါးဟန် အပြုံးလေးက စိုးမိုးနေခဲ့ရင်း၊ပြန်တွေ့ရမည့်ရက်ကို မျှော်တွေးရင်း
သူ့နေ့ရက်များ သက်ဝင်ခဲ့ရပါ၏။"ခန့်ငယ် ... ခန့်ငယ်"
"ဗျာ ... အဲ"
အားလုံး၏ အကြည့် သူ့ဆီစုပြုံနေမှန်း သိပြီးသကာလ သူရှက်ရှက်ဖြင့် ရယ်ကျဲကျဲလုပ်တော့
"ဘာတွေးနေလို့ ခေါ်တာတောင် မကြားတာတုန်း သားရဲ့"
အန်တီနွေးက သူ့ကိုစနောက်လာသည်။
ဦးဦးနှင့် အန်တီနွေးက သူ့ကို ငယ်စဉ်ကတည်းက ခန့်ငယ်ဟု ချစ်စနိုးခေါ်ကြသည်တွင် နိုနိုကိုကပါ သူ့ဖေ၊မေ အတိုင်း ခန့်ငယ်ဟု လိုက်ခေါ်ခဲ့ခြင်းဖြစ်သည်။ တစ်ခါတစ်လေကျ နိုနိုကိုက ပိုင်ဇေခန့်အတွက် အစ်မလို၊ညီမလို ဖြစ်နေတတ်ခဲ့သည်။နိုကိုတို့အိမ် ညနေစာဝိုင်းတွင် ဝင်ရောက်ဂုန်းဆင်းရင်း ဝက်ဝံပေါက်အကြောင်း အတွေးလွန်ကာ ဦးဦး ခေါ်သည်ကို မကြားလိုက်သည့် သူ့အဖြစ်ကိုကြည့်ရင်း အနှီငနဲမလေးက တခွိခွိနှင့် ကြိတ်ရယ်သည်။
သူမျက်စောင်းခဲနေတုန်း ဦးဦး၏အသံကတိတ်ဆိတ်သည့် အခန်းထဲ ကြည်လင်စွာ ထွက်ပြူလာသည်။"ခန့်ငယ် ... သား မင့် ကျောင်းပိတ်ထားတုန်း သင်တန်းတွေ ဘာတွေ မတက်ဘူးလားကွ "
"သား guitar class မှာ trainer လုပ်နေတယ် ဦးဦး "
"အေး ကောင်းသားပဲကွ ဘယ့်နှယ်လဲ class မှာ လူများလား"
"ဖွင့်စမို့လူက ၅၀ ကျော်လောက်ပဲ ရှိသေးတယ်ဗျ"
"ဟ နည်းတဲ့လူလားကွ မင့်သူငယ်ချင်းကတော့ ဘုရားကျောင်းမှာ သင်ပေးတုန်းကလည်း လက်နာတယ် မတီးနိုင်ဘူးဆိုပြီး ခုထိ တဒေါင်ဒေါင်ခေါက်ရုံကလွဲ မတတ်ဘူးကွာ
ဦးဦးလည်း သင်ပေးချင်တာတောင် သူက ဇွတ်ငြင်းနေတော့ ..."
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်