Ep - 13

134 8 0
                                    

Screen ပေါ်မှ ရုပ်လုံးပေါ်နေပြီဖြစ်သော ဂိမ်းဇာတ်ကောင် Trio ကို ကြည့်နေသည့် လင်းသုဇော်၏ မျက်ဝန်းများက စူးလက်နေသည်။
မြန်မာလို ' မျက်ဝန်းနက် ' ဟုအမည်ပေးထားသည်။

သဘာဝလွန် ဖြစ်တည်မှုဖြင့် မျက်ဝန်းနက်သည် စွမ်းအင်သုံးမျိုးရှိသည်။
ပုံမှန်မျက်ဝန်းတစ်စုံသည် တစ်ဖက်က မြေစွမ်းအင်၊တစ်ဖက်က ရေစွမ်းအင် ကိုထုတ်လွှတ်သည်။

မျက်ဝန်းနက်သည် စွမ်းအင်ထုတ်သည့်အခါ မျက်ခုံးတန်းနှစ်ခုကြားတွင်ပေါ်လာပြီး တစ်ခြားမျက်ဝန်းတစ်စုံထက် အင်အားပြင်းသည်။ မျက်ဝန်းနက်သည် သူမတူသော အမှောင်စွမ်းအင်ကို ထုတ်လွှတ်နိုင်သည်။

စွဲမက်ဖွယ်၊ခြောက်ခြားဖွယ် ကောင်းသော စွမ်းအားပြင်းဖြစ်တည်မှု၊သက်တမ်းထောင်ချီနေနိုင်မှု တို့ဖြင့်ဖွဲ့စည်းထားသည့် အနှီ မျက်ဝန်းနက်သည် ချောမောခံ့ညားသည့် အသွင်ရှိသည်။

မှန်နံရံခေါက်သံကြောင့် လင်းသုဇော် လှည့်ကြည့်တော့ SOC Team leader မလွင်ပြင်အေး ကိုမြင်လိုက်ရသည်။

" ‌Birthday party လာဖိတ်တာ မောင်လေးရေ လာခဲ့နော် "

"ဟုတ်ကဲ့ဗျ"

သွက်လက်သည့် အစ်မကတော့ သူတို့ရုံးခန်းထဲ လှည့်ပတ်၍ ပြုံးပြုံးရွှင်ရွှင် ဖိတ်ကြားကာ ပြန်ထွက်သွားတော့သည်။

______

မြို့ထဲရှိ နာမည်ကြီး ဘားတစ်ခုလုံးကို တစ်ညစာ ငှားရမ်းထားပြီး လူတိုင်းက ဘားအပေါ်ထပ်ရှိ အမိုးလွတ်ပြင်ကျယ်တွင် စုဝေးနေကြသည်။ မွေးနေ့ရှင်သည် ငွေဖြူရောင်လဲ့နေသော ပွဲတက်စကပ်ရှည်ဖြင့် လှလွန်းနေပါ၏။ သူ့အားငေးနေသည့် တစ်စုံတစ်ယောက်ကလည်း ရှိသေးသည်။

"ငါ့ မမက လှလိုက်တာ"

ငေးမဝဟန်ဖြင့် ပြောလာသူသည်ကား နိုနိုကိုပင်ဖြစ်လေသည်။
သူ့ဘေးမှ ပိုင်ဇေခန့်က သက်ပြင်းခပ်ဖွဖွချရင်း

" နင်ပြောတော့ move on နေပြီဆို "

"အေး စက်ဝိုင်းပုံ move on နေတာလေ ဟားဟား "

နိုနိုကိုသည် လွန်ခဲ့သည့် နှစ်တွေကတည်းက ဖော်ရွေသည့် အနှီအမျိုးသမီးချောချောလေးကို တိတ်တခိုးသဘောကျခဲ့ပါ၏။
လုပ်ငန်းခွင်တွင် မကြာမကြာဆုံရတိုင်း ၊ မဆုံသော်လည်း ဆုံအောင်ဖန်တီးပြီး ခိုးခိုးကြည့်တတ်ပါသေးသည်။ သူ့ထက် နှစ်နှစ်ကြီးသော အနှီအမျိုးသမီးသည် ချစ်သူကောင်လေးရှိမှန်း သိပြီးသည့်နောက် တတ်နိုင်သလောက် cope (ဖြေသိမ့်) ဖို့ အပြင်းအထန်ကြိုးစားခဲ့သေးသည်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now