" ကလေး "
" ဗျာ "
" စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်တွေက jealous ဖြစ်တတ်တယ် တဲ့ "
" ဟောဗျာ ဘယ်ကပေါက်တတ်ကရတွေတုန်း "
" ဟုတ်တယ်နော် ပေါက်ကရထင်ပါတယ် ကလေးက ကိုယ့်ကိုတစ်ခါမှ ဂျေမဝင်တာ "
Trio အတွက်သီးသန့်ထုတ်ပေးထားသော limited edition little pillow ကို ရင်ခွင်ထဲပိုက်ရင်း ဖုန်းမျက်နှာပြင်ကိုငုံ့ကြည့်နေပြန်သော ပိုင်ဇေခန့်အား လင်းသုဇော်ကြည့်ရင်း တစ်ချက်ရယ်သည်။
" စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်တွေက ဘယ်လိုစရိုက်ရှိတဲ့အကြောင်း google ခေါက်နေပြန်ပြီလား "
ပိုင်ဇေခန့်က ပြန်မဖြေဘဲ ခေါင်းသာညိတ်ပြလာသည်။ ထို့နောက် ဖုန်းကိုသည်းကြီးမည်းကြီးငုံ့ကြည့်နေပြန်သည်။
" အစ်ကိုကဗျာ လူတစ်ယောက်လုံး အနားမှာရှိနေတာကို သိချင် လူကိုမေးပေါ့ဗျ "
" ဘေဘီ မင်းက အဆက်မပြတ် သင်ယူချင်မိတဲ့ ကိုယ်အနှစ်သက်ဆုံး ဘာသာရပ်လေးပဲ "
" စာတွေ့ပဲအောင်လိမ့်မယ်ဗျ "
" လူတွေ့လည်းအောင်မှာပါ ဘေဘီက ကိုယ့်ကိုချစ်တယ်မလား "
" ဟွန်း "
လင်းသုဇော်ရယ်လိုက်တော့ ပိုင်ဇေခန့်က အနှီရယ်နေသူ၏ ပါးကို ခပ်ဖွဖွဆွဲဖျစ်သည်။
"ဘေဘီ "
" ဗျာ "
" ဘေဘီလို့ "
" ဗျာလို့ "
" ဘေဘီ ကိုယ့်ကို သဝန်တိုကြည့်ပါလား "
" ဟောဗျာ အစ်ကိုက ၃၀ ကျော်လာလို့လားပဲ သိပ်ဂျီကျတယ် "
" ဘာလဲ ညီက ကိုယ့်ကို အဘိုးကြီးလို့ပြောချင်တာလား "
" ကျွန်တော်မပြောဘူးနော် "
" ကိုကိုလို့ခေါ် "
" ဟောဗျာ ဘာဆိုင်လို့တုန်း "
" ကိုကိုလို့ခေါ်မလား အနမ်းခံမလား "
နှစ်ယောက်သည် ပန်းစံအိမ်၏ သုံးထပ်မြောက် ရေကူးကန်ဘေးတွင် အနားယူနေကြခြင်းဖြစ်သည်။ ညနေစောင်း နေကျချိန်ဖြစ်သည့်အပြင် လေညင်းသဲ့သဲ့ကပါ တိုက်ခတ်နေ၍ ဝန်းကျင်သည် သက်တောင့်သက်သာရှိလှသည်။
YOU ARE READING
စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်း
Romanceပေါ့ပေါ့ပါးပါး mini story လေးမို့ ဖတ်ပျော်ကြဖို့ မျှော်လင့်ပါတယ်