20

1.1K 111 0
                                    

လီယင်

အခန်း၂၀။ စားသောက်ပွဲကျင်းပခြင်း

သူတို့အတွက် ငွေတုံးလေးထောင်ဟူသော ပမာဏသည် မပြောပလောက်သည့် ပမာဏသာဖြစ်ကြောင်း လီယင်က သိသဖြင့် ပြုံးလိုက်သည်။ ထို့နောက် လီယင်ကပင် ဆက်၍ -

“ ဒါပေမယ့် တစ်ခုရှိတာက ဒီခေါင်းလျှော်ရည်တွေက လျန့်စံအိမ်တော်ကနေ စတင် ဖြန့်ဖြူးတဲ့အကြောင်း လူတိုင်းသိတဲ့အတွက် ဒီခေါင်းလျှော်ရည်တွေကောင်းမကောင်းက ကျုပ်သိက္ခာနဲ့တော့ ဆိုင်တယ်။ အဲ့တော့ ခင်ဗျားတို့ ရောင်းပြီးသွားတဲ့နောက် ခင်‌ဗျားတို့ဘက်က မရိုးမသားအကြံနဲ့ ဝယ်သူတွေအပေါ် လိမ်လည်လှည့်စားတယ်ဆိုတဲ့ သတင်းမျိုး ထွက်လာခဲ့ရင်တော့ ဒီအခွင့်အရေးမျိုးထပ်ရတော့မှာမဟုတ်လို့ ကျုပ်အဆိုးမဆိုနဲ့။ ” ဟု တခါတည်း သတိပေးလိုက်တော့သည်။

“ ကျွန်တော်မျိုးတို့ မလုပ်ဝံ့ပါဘူး..အရှင့်သား။ ”

သုံးယောက်စလုံးမှ သံပြိုင်ပြောလိုက်ကြလေတော့သည်။

ထို့နောက် အခြားအသေးစိတ်အချက်အလက်များကို ထပ်မံဆွေးနွေးကြကာ ၎င်းတို့သုံးဦးလည်း ကျေနပ်ပျော်ရွှင်စွာ ထွက်သွားကြလေသည်။ မနက်ဖြန်မှစတင်၍ ကျင်းတချမ်နှင့် တိုက်ရိုက်တွေ့ဆုံကာ ငွေပေးချေခြင်း၊ ပစ္စည်းရယူခြင်းများလုပ်ပြီး စတင်ကုန်သွယ်နိုင်‌တော့မည် ဖြစ်ပေသည်။

ခေါင်းလျှော်ရည်ကိစ္စ ပြီးပြတ်သွားသောအခါ လီယင်လည်း အင်မတန် စိတ်အေးလက်အေးဖြစ်သွားသည်။ မိမိအိတ်ဖောင်းလာရန် အေးအေးဆေးဆေးပင် ထိုင်စောင့်နေစရာ လိုတော့သည်မဟုတ်လား။

ဤသို့ဖြင့် ညနေသို့ရောက်လာသည့်အခါ လီယင်သည် ကျင်းတချမ်ကို အိမ်တော်၏ မြေကွက်လပ်တွင် စားပွဲဝိုင်းများ ပြင်စေပြီး စားစရာသောက်စရာများ ယူဆောင်လာစေကာ အိမ်တော်အတွင်းရှိ အိမ်စေများအားလုံးကို ခေါ်လိုက်သည်။ ငွေပေးလျှင် ဘာမဆိုခိုင်း၍ရသော်လည်း စေတနာပါပါအလုပ်လုပ်စေချင်လျှင်တော့ မိမိဘက်က ငွေသာမက အကြင်နာ၊ မေတ္တာ၊ ပေးကမ်းရက်ရောမှုများကိုပါ ပေး၍ ဝယ်ယူရပေမည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now