120

620 34 1
                                    

အခန်း၁၂၀။ ပြန်ပေးဆွဲရန်ကြံစည်ခြင်းနှင့် ကယ်ခြင်း

ချွန်းမင်ဂိတ်မှ ထွက်လာသောအခါ လမ်းတဖက်တချက်စီတွင် တောအုပ်ထူထူများ အုပ်မိုးလျက်ရှိသည်ကို တွေ့ရသည်။ မြို့တွင်း၌သာ လူနေထူထပ်လှသော်လည်း မြို့ပြင်မှာတော့ များသောအားဖြင့် ရေကန်များ၊ သစ်ပင်များသာ ရှိလေရာ ကျား၊ သမင်၊ ယုန်၊ ရစ်ငှက်၊ ဝက်ဝံ စသော တိရိစ္တာန်များကို နေရာအနှံ့တွေ့နိုင်လေသည်။ ထို့ကြောင့် ဤနေရာသည် အမဲလိုက်ထွက်ရာ နေရာဖြစ်‌လာလေ‌ခြင်းဖြစ်ပေသည်။

ယွီချိပေလင်းသည် ဂိတ်တံခါးမှ ထွက်လာသည်နှင့် မြင်းကို ဒုန်းစိုင်းစီးခဲ့သည်။ မိုင်အနည်းငယ် ခရီးနှင်ခဲ့ပြီးသောအခါ တောထဲကို ဝင်ရန် လမ်းကလေးပေါ်လာပြီဖြစ်၍ ထိုလမ်းအတိုင်းသွားမည် ကြံလိုက်စဉ်တွင် သပ်ရပ်စွာဝတ်ဆင်ထားသော ယောက်ျားတစ်ဦးသည် လမ်းဘေးတွင် ဆောင့်‌ကြောင့်ထိုင်ကာ နားနေသည်ကို တွေ့လိုက်ရသည်။ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်နှင့် ကလေးနှစ်ယောက် .. မိသားစုဖြစ်ဟန်တူသည် ဟု ယွီချိပေလင်းက တွေးလိုက်၏။ ထိုအချိန်မှာပင် သူ့မျက်လုံးများသည် အမျိုးသမီးထံတွင် ရပ်တန့်သွားလေသည်။ ချမ်အန်းပြည်တွင် လှပသော မိန်းကလေးပေါင်းများစွာကို တွေ့ဖူးသော်လည်း ဤကဲ့သို့ ကျက်သရေရှိရှိလှပသောမိန်းကလေးမျိုး မတွေ့ဖူးသဖြင့် ယွီချိပေလင်းသည် မှင်သက်နေမိတော့သည်။

ယွီချိပေလင်းသည် အသက်ဆယ့်ခုနစ်နှစ်ခန့် ရှိပြီဖြစ်၍ အိမ်ထောင်ပြုရန်အရွယ်ရောက်နေပြီဟု ပြော၍ရသည်။ သို့သော် ၎င်းနှင့် ၎င်းဖခင်၏ မွှေးပျံ့လှသော ဂုဏ်သတင်းကြောင့် အင်အားကြီးမိသားစုများမှာ ၎င်းတို့၏သမီးများကို ယွီချိပေလင်းနှင့် မပေးစားချင်ကြ။ ယွီချိကုန်းကိုယ်တိုင်ပင် ၎င်း၏ဇနီးသည်ကို နှစ်ဖက်သဘောတူကာ လက်ထပ်ခဲ့ရသည်မဟုတ်ပေ။ မျိုးရိုးနိမ့်မိသားစုမှ မိန်းက‌လေးအား လက်ထပ်ထားသည့်အတွက် ယခုအချိန်အထိ မိသားစု၏ စွန့်ပယ်ခြင်းကို ခံထားရသည်ပင်။

အဆိုပါ မိသားစုလေးယောက်သည် ယွီချိပေလင်းကို မြင်သောအခါ ထရပ်လိုက်ကြပြီး အနောက်ဘက်အရပ်သို့ ဆက်သွားကြမည်ပြုသည်။  ‌ကလေးနှစ်ယောက်ကလည်း ပျော်ရွှင်စွာ ရယ်မောကာ ဆော့ကစားရင်း လိုက်သွားကြလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now