51

795 70 0
                                    

အခန်း၅၁။ ဧကရီမယ်တော်ထံ ဆက်သခြင်း

တထန်လေလံအိမ်မှ ရုံးခန်းထဲသို့ ရုံးတက်အဝတ်အစားဝတ်ဆင်ထားလျက်ရှိသော ယန်စုရှင်းဝင်လာသည်။ လီယင်လည်း ယခုမှ သူမကို သေချာကြည့်မိသည်။ ဆံပင်ခပ်တိုတို၊ ဘဲဥပုံကျသော မျက်နှာ၊ ဖြူဝင်းသော အသားအရေနှင့် သွယ်လျလှပသော ကိုယ်ဟန်၊ အနည်းငယ် ပြတ်သားတိကျသော အဆစ်အပေါက်ဖြင့် သူမသည်ကား ထက်မြက်သော အမျိုးသမီးတစ်ဦးဟန် ပေါက်လေသည်။

“ ကဲဗျာ၊ ကုမ္ပဏီရဲ့လက်ရှိအခြေအနေလေး အစီအရင်ခံပါဦး ” ဟု လီယင်က ‌ပြောလိုက်သည်။

ယန်စုရှင်းကတော့ အသက်ဆယ့်ငါးနှစ်အရွယ်ခန့်သာရှိမည့် ကလေးတစ်ယောက်ထံမှ လူကြီးတစ်ယောက်၏အကြည့်မျိုးဖြင့် အကြည့်ခံနေရသောကြောင့် စိတ်ကျဉ်းကြပ်နေသည်။ကံကောင်းသည်က လီယင်သည် ခေတ္တမျှသာ သူမကိုကြည့်ကာ မကြာမီ သူ၏ ကွန်ပျူတာနှင့် အလုပ်ရှုပ်သွားသောကြောင့် စိတ်သက်သာရာရသွားလေသည်။

သူမ တင်ပြသော အစီရင်ခံစာများအရတော့ လေလံအိမ်မှာ ယခင် ဟောင်ယွီလေလံအိမ်တုန်းကအတိုင်း ‌ကောင်းမွန်စွာ ပုံမှန်လည်ပတ်လျက်ရှိပြီး အမြတ်အစွန်းများလည်း ပုံမှန်ရလျက်သာ ရှိနေလေသည်။

ထိုအစီရင်ခံစာကို နားထောင်ပြီးသည်နှင့် လီယင်လည်း ဖုန်းခေါ်ဆိုမှု နှစ်ခုကို ပြုလုပ်လိုက်သည်။ ထိုအခါ တဖက်မှ ကုန်ပစ္စည်းထုတ်လုပ်သူများက လီယင်မှာယူထားသော
စက္ကူထုတ်စက်နှင့် ပုံနှိပ်စက်တို့ ထုတ်လုပ်ပြီးကြောင်း ပြောလေသည်။

လီယင်လည်း အိမ်အိုလေး၏ လိပ်စာကို ကုန်ထုတ်သူများထံပေးကာ ပစ္စည်းများအား ထိုအိမ်သို့ ပို့ဆောင်စေသည်။ ထို့နောက် ပစ္စည်းများနှင့်အတူ အိမ်တော်သို့ ပြန်လေသည်။

အလုပ်ခန်းထဲတွင် မွှေစပ်ထားသော ရေမွှေးကို သုံးရက်ခန့် ညသိပ်ထားပြီးနောက်တွင် အလုပ်သမားများအား ပုလင်းထဲထည့်ခိုင်းလိုက်သည်။ ပုလင်းသေးတစ်ခုသည် ရေမွှေး ၂၀ မီလီလီတာ ဆံ့သည်။ ရေမွှေးထည့်မည့် ဆလင်ဒါကန်သည် ၂၀၀ လီတာ ဆံ့သဖြင့် ရေမွှေးပုလင်းတစ်ထောင်ခန့် ရမည်ဖြစ်သည်။ ထုံနျန်တွက်ထားသော အမြတ်ပမာဏ၏ နှစ်ဆရမည်ပင်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now