အခန်း၈၈။ ကျောက်စိမ်းရောင်လွှမ်းသည့် အကြံအစည်
လီယင်တစ်ယောက် သူဆွဲထားသော မြေအောက်ပိုက်လိုင်းပုံကို ကိုင်ကာ ကုမ္ပဏီ၏ ဒရိုင်ဘာအား ဆောက်လုပ်ရေး ဒီဇိုင်းကုမ္ပဏီတစ်ခုဆီသို့ လိုက်ပို့ခိုင်းလိုက်၏။ ထို့နောက် တကယ့်လက်တွေ့မှ အခြေအနေအတိုင်း ပုံဆွဲပေးရန် အပ်လိုက်သည်။ ကျွမ်းကျင်ပညာရှင်များဖြစ်၍ လီယင်ပြောသည့်အတိုင်း လုပ်နိုင်ကြလေသည်။
အဆိုပါ ဆောက်လုပ်ရေး ဒီဇိုင်းကုမ္ပဏီသည် ရှန်ဟိုင်းမြို့၏ စီးပွားရေးအချက်အချာကျသော နေရာ၌ တည်ရှိရာ မိမိပုံထဲတွင် ထည့်ရေးဆွဲရန် လိုအပ်သည်များကို မှာကြားပြီးနောက် လီယင်လည်း ထိုင်စောင့်မနေတော့ပဲ လမ်းထဲသို့ထွက်လာကာ ဈေးဝယ်ထွက်လေတော့၏။
လမ်းတစ်လျှောက် ဆိုင်များထဲတွင် ခင်းကျင်းပြသထားသော ထုတ်ကုန်ပစ္စည်းများကို လျှောက်ကြည့်လာရင်း လီယင်လည်း ဤပစ္စည်းများကို ထန်မင်းဆက်ခေတ်သို့ မည်သို့ရောက်အောင် လုပ်ရမည်ကို တွေးနေမိသည်။ ထန်မင်းဆက်ခေတ်တွင် ကာလတစ်ခုကြာအောင် နေလာပြီးနောက် အခြေခံလူသုံးကုန် မပြည့်စုံမှုများစွာကြောင့် အလွန်စိတ်ဒုက္ခရောက်ရလေသည်။ ထို့ကြောင့် နည်းတစ်ခုခုတော့ စဉ်းစားရပေမည်။ ထိုစဉ် နာရီဆိုင်တစ်ခုရှေ့ ဖြတ်လျှောက်မိရင်းနဲ့မှ လီယင်လည်း ရပ်လိုက်ကာ အကြံတစ်ခု ရသွားလေတော့သည်။
“ သူဌေး၊ ဒီဆိုင်မှာ နာရီတွေကို ကိုယ့်စိတ်ကြိုက် ဒီဇိုင်းလုပ်ပေးလားဗျ ” ဟု လီယင်က မေးလိုက်ရာ -
“ လုပ်ပေးပါတယ်။ ဒါပေမယ့် တစ်လုံး နှစ်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ ” ဟု ဆိုင်ရှင်က ပြန်ဖြေ၏။
“ ရာဂဏန်းဆိုရင်ရောဗျ ”
“ ရတာပေါ့။ ဘာဒီဇိုင်းလိုချင်လဲသာ ပြောပါ သခင်လေး ”
“ နာရီကို ဒီထက် နည်းနည်းပိုရှေးကျတဲ့ ဒီဇိုင်းမျိုးလိုချင်တယ်ဗျ။ ဂဏန်းတွေနေရာမှာ တရုတ်ရိုးရာနံပါတ်တွေ ထည့်ချင်တယ်ဗျာ ”
“ ဖြစ်စေရပါမယ် ”
နာရီဆိုင်မှ ထွက်လာခဲ့ပြီးနောက် လီယင်လည်း မုန့်အချို့ဝယ်ယူကာ ပြန်ခဲ့၏။ ထန်နိုင်ငံတော်မှ စားစရာများကို သူသည်းမခံနိုင်တော့ပေ။ ၂၁ ရာစုခေတ်မှအစားအစာကို မချက်လျှင် တစ်နေ့နေ့မှာတော့ တော်ဝင်စားတော်ကဲကို သတ်ပစ်မိတော့ပေမည်။
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်
Mystery / Thriller"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator: Mocha ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့...