166

288 18 0
                                    

အခန်း၁၆၆။ ဆောင်းစပါးအတွက် စိုက်ပျိုး‌ရေးအစီအစဉ်

လီယင်သည် ဆောင်းဂျုံမျိုးစေ့များ စိုက်ပျိုးရန် အချိန်တန်ပြီဟု ထင်ခဲ့သည်။ ထန်မင်းဆက်လက်ထက်တွင် သစ်အယ်သီးနှင့် ဂျုံကို မြောက်ဘက်တွင် အဓိက စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအားလုံးမှာ နွေစပါးများသာဖြစ်သည်။ ဆောင်းစပါး စိုက်ပျိုးခြင်းအသိပညာသည် ထိုခေတ်ခါတွင် မကြွယ်ဝသေးပေ။ ဆည်မြောင်းနှင့်ရေသွင်းစိုက်ပျိုးရန် အဆင်ပြေခြင်းကြောင့် စီချွမ်သို့မဟုတ် ရှုပြည်နယ်များတွင် စပါးကိုသာ အဓိကထား စိုက်ပျိုးကြပြီး ဆောင်းစပါးကဲ့သို့ပင် မရှိခဲ့ပေ။

လီယင်က ကျင်တချမ့်ကို ဆောင်းစပါးစိုက်ပျိုးရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးမြေများ ဝယ်ယူရန် တောင်းဆိုခဲ့ပြီး ဆောင်းဂျုံစိုက်ပျိုးခြင်းကို ခေတ်စားလာ‌စေလိုသည်။ သို့သော် ဖန်တီးမှုအသစ်ပေါ်ပေါက်လာခြင်းအတွက် လက်ခံမှုဖြစ်စဉ်တစ်ခုဖြစ်လာရန် မလွယ်ကူနိုင်ဘဲ အခက်ခဲများပေါ်ပေါက်လာနိုင်သည်။ ရှုဒေသရှိလူများသည် ဆောင်းရာသီအစတွင် စပါးစိုက်ပျိုးခြင်းနည်းစနစ်ကို လုံးဝသဘောမတူကြပေ။

သို့သော်လည်း လီယင်၏ ရှင်းပြချက်များကိုနား‌ထောင်ပြီးသည်နှင့်အမျှ သာမာန်လူများသည် အမြတ်အစွန်းများကြောင်း သိမြင်လာသောအခါ သူ့အရှိန်အဟုန်အတိုင်း သဘောတူညီစပြုလာကြသည်။

အရှေ့နန်းတော်တွင် လီချမ်ချန့် သည် လေးနှင့်မြှားကိုင်ဆောင်ကာ မဝေးသောနေရာက ပစ်မှတ်ကိုမျှော်ကြည့်နေခဲ့သည်။

"အိမ်ရှေ့မင်းသား..."

တုဟဲသည် လီချမ်ချန့်ရှေ့သို့ လျှောက်သွားပြီး လီချမ်ချန့်ကြည့်နေသည့် မြင်းကွင်းကို ‌အကဲခတ်လိုက်သည်။

လီချမ်ချန့်လည်း အတွေးများရပ်သွားပြီး ခေါင်းကို လှည့်လာလိုက်တော့ တုဟဲကို မြင်ပြီး "ဘာကိစ္စရှိလို့လဲ..."

"အိမ်ရှေ့မင်းသား ဧကရာဇ်မင်းကြီးက မနက်ဖြန်နံနက်နန်းတွင်းခန်မမှာ " ခို့သီရှစ်" စုစည်းမှုကို ဆွေးနွေးမယ်လို့ အမိန်တော်ပါးလိုက်ပါတယ် ဝေဘုရင်နှင့် ဝူဘုရင်တို့ဘက်ကလဲ ကိစ္စတွေကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာအမတ်များကို ဆက်သွယ်နေကြောင်းကြားသိရပါတယ် ယခုချိန်မှာ အရှေ့နန်းဆောင်က ဧကရာဇ်မင်းမြတ်ရဲ့ အကြောင်းကို မျက်နှာ‌သာ‌ပေး ရှေ့တန်းတင်ပါကဧကရာဇ်မင်းမြတ်၏ မျက်နှာသာ‌ပေးခြင်းကို ခံရနိုင်မည့် အချိန်ကောင်းလဲဖြစ်ပါတယ်”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now