139

414 19 0
                                    

အခန်း၁၃၉။လီယင်၏ ကပ်ဆိုး

အရှင်မင်းကြီးလီရှစ်မင်ကတော့ ‌စိတ်ဂနာမငြိမ်စွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ သူ့အနေနှင့် သားတော်လီယင်အား ယခင်က တကယ်သဘောမကျခဲ့သော်လည်း ယခုနောက်ပိုင်း သားတော်၏ ပြောင်းလဲလာမှုကြောင့် သားတော်အပေါ် သူ၏ အမြင်များပင် ပြောင်းလဲလာခဲ့၏။ ပုန်ကန်မည်ဆိုသည်ကို သူလုံးဝမယုံကြည်နိုင်။

“ အဲ့ဒီ့ အကမယ်ဆိုတာ အိမ်ရှေ့စံ ခေါ်သွင်းလာတာ မဟုတ်လား ”

“ မှန်လှပါ အရှင်မင်းကြီး။ ဒါပေမယ့် အိမ်ရှေ့စံဟာ သနားဂရုဏာသက်သက်နဲ့သာ ခေါ်သွင်းခဲ့တာပါ။ ပြီးတော့ အဲ့ဒီ့ လောရှောင်ရီဆိုတဲ့ မိန်း‌ကလေးက ရုပ်အဆင်းအလွန်လှပတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီမိန်းကလေးကို အရှင့်သားရွေးချယ်ခဲ့တာပါ အရှင်မင်းကြီး ” ဟု ဖန့်ရွှယ်လင်က အပြင်းအထန် ကန့်ကွက်လိုက်သည်။

“ တော်စမ်း … ဘယ်အချိန်အထိ အိမ်ရှေ့စံကို ကာကွယ်ပေးနေမှာလဲ။ ချန်မိသားစုဟာ အိမ်ရှေ့စံကို လာဘ်ထိုးပြီး အဲ့ဒီ့အကမယ်ကို နန်းတော်ထဲသွင်းထားတာ ငါကိုယ်တော်မသိဘူးများ မှတ်နေလား။ မောင်မင်းက အရေးကြီးတာတွေကို ချန်လှပ်ထားပြီး မင်းသားလီယင်ရဲ့ အပြစ်တွေကိုပဲ ဖိပြောနေတာရော ကိုယ်တော်မသိဘူးမှတ်နေလား။ မောင်မင်းစိတ်ထဲ ဘာတွေတွေးနေတယ်ဆိုတာ ကိုယ်တော်ဖြင့် နားမလည်နိုင်တော့ဘူး။ ရွှယ်လင် .. မောင်မင်းဟာ အိမ်ရှေ့စံရဲ့ ဆရာဆိုပေမယ့် နိုင်ငံတော်ရဲ့ အရေးကြီးတဲ့အမတ်တစ်ယောက်ဆိုတာလည်း မမေ့နဲ့ဦး။ မောင်မင်း ဒီလို ဘက်လိုက်နေလို့ မရဘူး ” ဟု အရှင်မင်းကြီး လီရှစ်မင်က ‌ဒေါသထွက်စွာ ပြောသောအခါမှ ဖန့်ရွှယ်လင်မှာ ကြောက်လန့်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး -

“ အရှင်မင်းကြီး .. ကျွန်တော်မျိုးမှားသွားပါတယ်။ အိမ်ရှေ့စံရဲ့ လတ်တလောအခြေအနေကြောင့် ကျွန်တော်မျိုး အိမ်ရှေ့စံအပေါ် အပြစ်ကျမှာစိုးတဲ့စိတ်နဲ့ ပြုမူမိပါတယ် ” ဟု တောင်းပန်လိုက်လေတော့သည်။

“ သွားတော့ .. ကိုယ်တော့်ဘာသာ ဆုံးဖြတ်ချက် ချတော်မူမယ် ” ဟု အရှင်မင်းကြီးလည်း စိတ်ပင်ပန်းစွာ မိန့်လိုက်တော့၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now