113

532 34 0
                                    

အခန်း၁၁၃။ ချမ်အန်းပြည်မှ အချမ်းသာဆုံးပုဂ္ဂိုလ်။

လီယင်တို့လေးဦး စံအိမ်တော်ဆီသို့ ပြန်ရောက်လာခဲ့ကြသည့်အချိန်အထိ နောက်ဖေးကွက်လပ်မှ ဘောလုံးကစားပွဲကား မပြီးသေးချေ။ ချင်ဟွိုက်ယွီအပါအဝင် လူအယောက်၂၀ကျော်တို့မှာ ကွင်းထဲတွင် ခြေရှုပ်နေကြသဖြင့် မြင်ရသည့်မြင်ကွင်းမှာ ရှုပ်ယှက်ခတ်နေလေ၏။

“ အား .. ဟိတ်ကောင် .. မင်း ငါ့ခြေထောက်ပေါ် နင်းသွားတာကွ။ ခြေထောက်ကိုကြည့်ဦး ”

“ အား .. ‌ခွေးကောင် ”

“ မင်း ဘောလုံးမကန်တတ်ဘူးလားကွ ”

“ မကန်တတ်ဘူးလို့ ပြောတယ်ပေါ့။ မင်း သတ္တိရှိရင် ဘောလုံးကို ခေါင်းနဲ့တော့တာ ပြိုင်မလား။ ဘယ်သူပိုတော့နိုင်လဲ ကြည့်ကြတာပေါ့ ”

“ အမလေး .. ကြောက်ပါတယ် ”

“ ... ”

လီယင့်အတွက်ကတော့ ဤအခြေအနေသည် ထူးဆန်းမနေတော့။ ဤကိုယ်ရံတော်များသည်လည်း ယခုခေတ် နာမည်ကြီးဘောလုံးအသင်းများလိုပဲ ဘောလုံးစကန်ပြီဆိုသည်နှင့် တတ်သလောက်လှည့်ကွက်များကို အပြိုင်ထုတ်သုံးကြတော့သည်။

“ ကြည့်ရတာတော့ ပျော်ဖို့ကောင်းမယ့်ပုံပဲ ”
ချမ်ဟွိုက်လျန့်မှာ ရွှင်မြူးစွာဆော့ကစားနေသော ချင်ဟွိုက်ယွီအားကြည့်ကာ လက်ဖဝါးများကိုပွတ်လိုက်ပြီး ကွင်းထဲသို့ ဝင်သွားရန် အသင့်ပြင်နေလေသည်။

ထိုစဉ်မှာပင် ရှောင်လွေ့က -

“ မလောပါနဲ့ကွ။ မင်း သတိထားမိလား။ ဒီလူအယောက်နှစ်ဆယ်လောက်က ဘောလုံးတစ်လုံးနဲ့ ဟိုပြေးဒီပြေးလုပ်နေကြတယ်လို့ ထင်ရပေမယ့် သူတို့ရဲ့ ခြေထောက်တွေကိုကြည့်လိုက်။ ဗျူဟာတစ်ခုခုနဲ့ ဆော့နေကြတာကွ။ ဒီတိုင်းလျှောက်ကန်နေတာမဟုတ်ဘူး။ ငါထင်တာတော့ ဒီကစားနည်းကလည်း ပိုလိုကစားနည်းလိုပဲ သူ့စည်းမျဉ်းစည်းကမ်းနဲ့ ရှိပုံရတယ် ” ဟု သုံးသပ်လိုက်၏။

ထိုအခါ လီယင်သည် ရှောင်လွေ့အား အလန့်တကြားကြည့်လိုက်မိလေသည်။ ဤလူသည် စူးစမ်းလေ့လာမှုအား ကောင်းလှပေသည်။ အချိန်ခဏလေးအတွင်းမှာပင် ဘောလုံးအားကစားအား တီးမိခေါက်မိရှိသွားလေပြီ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now