အခန်း ၇၁။ချင်ဟွိုက်ယွီ ဒီကိုရောက်လာပြီ
“ အရှင့်သား ”
စစ်ရေးလေ့ကျင့်ရာနေရာတွင် လီယင်တစ်ယောက် စစ်သည်တော်များကို လေ့ကျင့်သင်ကြားပေးနေစဉ် ကျင်းတချမ်တစ်ယောက် အပြေးအလွှားရောက်လာ၏။ ထန်နိုင်ငံတော်တွင် ယခင်ကတည်းက ကိုယ်ခံပညာသင်ယူခြင်းကို အလေးထားခဲ့သည်။ လီရှစ်မင် နန်းတက်ပြီးနောက်ပိုင်း နိုင်ငံတော်၏ စာပေတိုးတက်ရန် အလေးထားခဲ့သော်လည်း ယခုအချိန်အထိ တော်ဝင်မျိုးနွယ်များကြားတွင် ကိုယ်ခံပညာတတ်မြောက်ရေးကိုသာ ဦးစားပေးလျက် ရှိနေကြသေးသည်။ မြင်းစီး၍ အမဲလိုက်သည့်အခါမှာလည်း တောင့်တင်းသော ခန္ဓာကိုယ်ရှိရန် လိုအပ်သေးသည်။ ထို့ကြောင့် လီယင်သည် ကိုယ်ခံပညာသင်ကြားရန် မြေကွက်လပ်ကို ပြင်ဆင်ပြီးနောက် စစ်သည်များကို နေ့တိုင်းပင် လေ့ကျင့်ပေးလျက်ရှိ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များ တောင့်တင်းစေရန် လေ့ကျင့်ပေးရင်း သူနှင့် ထိုတပ်သားများကြားမှ ဆက်ဆံရေး ပိုမိုလေးနက်ကောင်းမွန်လာစေရန်လည်း ရည်ရွယ်ထားသည်။
“ ဘာဖြစ်လာတာလဲ ”
ဘေးမှ အစေခံမိန်းကလေး ကမ်းပေးသော ချွေးသုတ်ပဝါကိုယူ၍ မျက်နှာမှ ချွေးများကို သုတ်ရင်း လီယင်က မေးလိုက်သည်။
ကျင်းတချမ်က ပြော၏။
“ အရှင့်သား၊ အရှင့်သား အချုပ်ကလွတ်လာတုန်းက အချုပ်ထဲမှာ တွေ့ခဲ့တဲ့ ချင်ဟွိုက်ယွီဆိုတဲ့ လူရွယ်ကို မှတ်မိပါသလား။ အခုသူ အိမ်တော်အပြင်ဘက်တံခါးမှာ စောင့်နေပြီး အရှင့်သားကို ရှာနေပါတယ် ”
လီယင် ရက်တွက်ကြည့်လိုက်သောအခါ ချင်ဟွိုက်ယွီ လွတ်မည့်အချိန် ရောက်နေချေပြီ။ ထို့ကြောင့် လီယင်လည်း အလွန်ဝမ်းမြောက်သွားကာ -
“ မြန်မြန်ဝင်လာခဲ့ခိုင်းလိုက်ပါ ” ဟု ပြောလိုက်၏။
ကျင်းတချမ်လည်း ဟုတ်ကဲ့ပါ ဟု အကြောင်းပြန်လိုက်ပြီး မကြာခင်မှာပင် လူရွယ်တစ်ဦးကို ခေါ်လာခဲ့သည်။ ထိုလူရွယ်သည်ကား လီယင် အချုပ်ထဲတွင် ရင်းနှီးခဲ့သည့် ချင်ဟွိုက်ယွီသာဖြစ်လေ၏။
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်
Mystery / Thriller"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator: Mocha ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့...