105

504 23 0
                                    

ပြန်တင်ပေးတာပါ။

အခန်း၁၀၅။ ချမ်ဟွိုက်လျန်၏ သဘောထား

“ ရွံဖို့ကောင်းလိုက်တာကွာ ”

ချင်ဟွိုက်ယွီ၏ အဖြစ်သနစ်ကို ကြားပြီးသောအခါ ချမ်ဟွိုက်လျန့်က အင်မတန်ဒေါသထွက်ကာ -

“ အဲ့ဒီ့မိန်းမကြီးတော့ ငါနဲ့တွေ့ပြီပေါ့ကွာ ” ဟု ပြောရင်း ထွက်သွားရန်ပြင်သည်။

ထိုအခါ ရှောင်လွေ့က ချမ်ဟွိုက်လျန့်အား ဆွဲထားပြီး -

“ ငါတို့လည်း မင်းလိုပဲ စိတ်တိုတာပေါ့ကွာ။ ဒါပေမယ့် အခုဟာက မြို့စားမင်းချင်းချုံးတို့မိသားစုရဲ့ ကိစ္စလေ။ ငါတို့လို အပြင်လူတွေအနေနဲ့ ဒီလိုဝင်ရှုပ်ဖို့က မသင့်တော်ဘူးထင်တယ် ” ဟု တားလိုက်၏။
လုပါးယန်ကပင် မလေးနက်စဖူး လေးလေးနက်နက်ဖြင့် ချမ်ဟွိုက်လျန့်အား -

“ ရှောင်လွေ့ပြောတာ မှန်တယ်။ အဲ့လိုလုပ်လိုက်ရင် အဲ့ဒီကျန်းအမျိူးသမီးတို့ မိသားစုကို အရှက်ရစေရုံတင်မကပဲ ဟွိုက်ယွီက ငါတို့နဲ့ပေါင်းပြီး သူ့ကို ဒုက္ခပေးသလို ဖြစ်သွားမယ်။ အဲ့ကျ သူ့အဖေ မြို့စားရီနဲ့ ဟွိုက်ယွီတို့ သားအဖကြား ဆက်ဆံရေးတွေ ခွာပြဲကုန်မှာစိုးရတယ် ” ဟု ဖျောင်းဖျလေသည်။

မနက်စောစောတွင် ချမ်ဟွိုက်လျန့်တို့သုံးဦးသား စံအိမ်တော်သို့ရောက်လာချိန်မှာ အိပ်ယာထပြီး လေ့ကျင့်ခန်းလုပ်ရန်ပြင်နေရှာသော ချင်ဟွိုက်ယွီအား မြင်လိုက်ရာမှ ဖြစ်ကြောင်းကုန်စင်အား မေးမြန်းရင်း အလုံးစုံသိသွားပြီးနောက် ဤကဲ့သို့ အချေအတင်ဖြစ်နေကြခြင်းပင် ဖြစ်၏။

ချင်ဟွိုက်ယွီကမူ ချမ်ဟွိုက်လျန့်အား ကျေးဇူးတင်သည့် မျက်လုံးများဖြင့်ကြည့်ကာ -

“ ဟုတ်ပါတယ် အစ်ကိုဟွိုက်လျန့်၊ ဒါက ကျွန်တော်တို့ မိသားစုကိစ္စပါပဲဗျာ။ အမေ မဆုံးခင်တုန်းက ချမ်အန်းမှာ အမျိုးအဆွေရှိကြောင်းနဲ့ ‌သွားတွေ့စေချင်ကြောင်း မှာခဲ့လို့သာ လာရတာပါ။ အခုက တွေ့လည်းတွေ့ပြီးသွားပြီဆိုတော့ မိသားစုကိစ္စလိုပဲ သဘောထားပြီး ထားလိုက်ကြတာပေါ့။ အမေ့ရဲ့နောက်ဆုံးဆန္ဒကိုလည်း ဖြည့်ဆည်းပြီးပြီဆိုတော့ အဲ့မှာ ဆက်နေတာ မနေတာက အရေးသိပ်မကြီးတော့ပါဘူးလေ။ အမှန်အတိုင်းပြောရရင်လည်း အဲ့ဒီမှာနေရတာ သက်သောင့်သက်သာသိပ်မဖြစ်ဘူး။ ကိုယ့်ကိုကိုယ် လူပိုတစ်ယောက်လိုပဲ ခံစားနေခဲ့ရတာ ” ဟု ချင်ဟွိုက်ယွီက ဖြေသိမ့်လိုက်သည်။ ထိုအခါ ရှောင်လွေ့က -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now