96

548 33 0
                                    

အခန်း၉၆။ မိုးထိအောင် မြင့်သည့် ကျောက်စိမ်းတန်ဖိုး

ထိုစဉ် လေလံအိမ်၏ ဘေးဘက်တံခါး ပွင့်လာခဲ့ပြီး ၎င်းနိုင်ငံတကာလေလံအိမ်၏ဥက္ကဌ သွမ့်ချန်မင်သည် ယန်စုရှင်းနှင့်အတူ ထွက်လာခဲ့သဖြင့် မီဒီယာများ၏ ကင်မရာမီးရောင်များသည် ၎င်းတို့အုပ်စုဆီသို့ ချက်ချင်းပြောင်းသွားလေတော့၏။ လီယင်ကတော့ ယန်စုရှင်း၏နောက်မှ လျှို့ဝှက်စွာ လိုက်လာခဲ့လေသည်။

“ မိန်းကလေး ယန်…  ဒီကျောက်စိမ်းတုံးကြီးအပေါ် မင်း ယုံကြည်မှုရှိလား။ သက်ဆိုင်ရာ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရတော့ အကယ်၍ ဒီကျောက်စိမ်းတုံးကြီးသာ တကယ်ပဲ အရည်အသွေးမြင့် ကျောက်စိမ်းဖြစ်မယ်ဆိုရင် ဒီကျောက်တုံးရဲ့ တန်ဖိုးက နိုင်ငံတကာဈေးကွက်ထဲမှာရှိနေတဲ့ ကျောက်စိမ်းရိုင်းတွေအားလုံးရဲ့ စုစုပေါင်းပမာဏလောက်တောင် အဖိုးတန်လောက်တယ်ဆို ”

သတင်းထောက်များ၏မေးခွန်းများကြားတွင် ယန်စုရှင်းသည် ဝါရင့်သဘာရင့်ဆန်ပြီး လုပ်ငန်းအပေါ် အင်မတန်ကျွမ်းကျင်သော မန်နေဂျာတစ်ဦး၏ အေးဆေးတည်ငြိမ်မှုကို အပြည့်အဝပြသနိုင်ခဲ့သည်။

“‌ကျောက်အရောင်းအဝယ်ဆိုတာ လောင်းကစားလုပ်ရသလိုပါပဲ။ တစ်ချီတည်းနဲ့ ငွေအများကြီးရနိုင်သလို အဲ့တစ်ကြိမ်တည်းနဲ့လည်း ပိုက်ဆံတွေ ဆုံးရှုံးသွားနိုင်တာပဲလေ။ ဒီ‌ကျောက်စိမ်းတုံးကြီး အဖိုးတန်မတန်ကိုတော့ ကျွန်မတို့ အခုပဲ ကြည့်လိုက်ကြရအောင် ”

သတင်းထောက်တစ်ယောက်က သူ၏မေးခွန်းကို အဆုံးသတ်လိုက်ပြီးသောအခါ အခြားသတင်းထောက်တစ်ယောက်က ထပ်မေး၏။

“ ဒီကျောက်စိမ်းတုံးကြီးက ဘယ်ကထွက်တာလဲ မိန်းကလေးယန်။ တော်တော်ကြီးတဲ့ ကျောက်စိမ်းတုံးကြီးပဲ။ ဒီကို ဘယ်လိုရောက်လာတာလဲ ”

“ သေချာပေါက် ကျောက်စိမ်းနိုင်ငံလို့ လူသိများတဲ့ မြန်မာနိုင်ငံကပဲပေါ့ရှင်။ ဘယ်လိုသယ်လာတာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့တော့ ကျွန်မ အထွေအထူးရှင်းပြဖို့ မလိုတော့ဘူးလို့ ထင်တာပဲရှင် ” ဟု ယန်စုရှင်းက ရယ်မောကာ ဖြေလိုက်တော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now