161

342 21 0
                                    

အခန်း၁၆၁။ နှိပ်ပေးခြင်း

နန်းတော်အတွင်းသို့ ခြေချလိုက်သည်နှင့် စွေ့ယင်းယင်းတစ်ယောက်ကတော့ ချက်ခြင်းဆိုသလိုပင် စိတ်များပြန်လည်တက်ကြွလာကာ ချမ်အန်းမှ ယူဆောင်လာသော ပစ္စည်းများကို သူ့စိတ်ကြိုက် အခန်းတစ်ခုစီတွင် နေရာချနေလေ၏။

လီယင်သည်လည်း နန်းတော်တဝိုက် လျှောက်သွားရင်း နန်းတော်၏ ဖွဲ့စည်းပုံကို လိုက်လံကြည့်ရှုလေသည်။  ဤနန်းတော်၏ တည်ဆောက်ထားပုံမှာ ပုံမှန်စတုရန်းသဏ္ဍာန် ဖြစ်ပေသည်။ အခန်းအရွယ်အစားနှင့် အခန်းအရေအတွက်ကတော့ ချမ်အန်းရှိ လျန့်စံအိမ်တော်နှင့် မယှဉ်နိုင်ပေ။

အခန်းတစ်ခုချင်းစီသည် ခန့်မှန်းခြေအားဖြင့် စတုရန်းမီတာ ၃၀၀၀ ခန့် ကျယ်ဝန်းလေ၏။ နန်းတော်၏ ပင်မဝင်ပေါက်မှ ဝင်လာလျှင် ဧည့်ခန်း ခန်းမဆောင်ရှိပြီး  ၎င်းခန်းမ၏နောက်တွင် အိပ်ခန်းများရှိလေသည်။ တောင်ဘက်တွင် လီယင် နှင့် စွေ့ယင်းယင်း တို့ အပန်းဖြေနိုင်ရန် မြေကွက်လပ်နှင့် ဥယျာဉ်လေးရှိသည်။

အဆိုပါမြေကွက်လပ်လေးတွင် သာယာကြည်လင်လှသော ရေကန်ငယ်လေးတစ်ကန် ရှိပေသည်။ ကန်ပတ်လည်တွင် ကျောက်တုံးကြီးများစွာဖြင့် အလှဆင်ထားကာ ရေကန်ထဲတွင်လည်း အစိမ်းရောင်နွယ်ပင်များ ပေါက်ရောက်လျက်ရှိပြီး ရေကလည်း အေးမြကြည်လင်နေသည့်အပြင် အမျိုးအမည်မသိသော အလှမွေး ငါးအချို့သည်လည်း ရေကန်ထဲ၌ လွတ်လပ်စွာ ကူးခတ်နေကြသည်ကို မြင်တွေ့ရသည်။

မြောက်ဘက်တွင်တော့ ကျောက်နံရံတစ်ခုကာထားပြီး နံရံ၏ တစ်ဖက်တွင် နန်းတော်ရှိ အစေခံများနေထိုင်ရာ အဆောင် သုံးတန်းမျှ ရှိလေ၏။

အတော်ကြာပတ်ကြည့်ပြီး ပြန်ရောက်လာသည့်တိုင် စွေ့ယင်းယင်းကတော့ အခန်းအလှခြင်းအတွက် စည်းစနစ်တကျ အမိန့်ပေးကြီးကြပ်နေဆဲပင်။ ကျင်းတချမ်လည်း ခေတ္တမျှ မနားနိုင်ပဲ အ‌ရှေ့ အနောက်လှည့်ပတ်ကာ အစေခံများကို ကြီးကြပ်နေရလေသည်။

သူ့မှာ ဇနီးကောင်းတစ်ယောက် ရှိကြောင်း တွေးမိသဖြင့် လီယင်လည်း ပြုံးမိသွားလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now