130

504 26 0
                                    

အခန်း၁၃၀။ ကုမ္ပဏီအသစ်

စားသောက်ကုန်လုပ်ငန်းဆိုလျှင်လည်း ထိုနည်းလည်းကောင်းပင်။ ထန်နိုင်ငံတော်တွင် စိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်ပြီဆိုသည်နှင့် ၎င်းသီးနှံများကို ဈေးချိုချိုနှင့်ဝယ်ယူကာ ခေတ်သစ်မှ စက်ရုံများဆီသို့ ပို့၍ စားသောက်ကုန်အမျိုးမျိုးဖန်တီးနိုင်မည်ဖြစ်ပြီး ဤအတိုင်းသာဆိုလျှင် နှစ်ဦးနှစ်ဖက် ပိုအကျိုးရှိလာမည် ဖြစ်ချေ၏။

ထိုအကြောင်းကိုတွေးကာ လီယင်တစ်ယောက် ကြိတ်ပြုံးနေသည်။ ဤအရာများအပေါ် သူအချိန်ပေးပြီးကြိုးစားလိုက်လျှင် ဤလုပ်ငန်းစုသည် ဤခေတ်၌ ပြိုင်စံရှားဖြစ်လာပေမည်။ ထိုအကြောင်းများကို စိတ်ကူးယဉ်နေရင်း လီယင်သည် ကွန်ပျူတာကို ကောက်ဖွင့်လိုက်ကာ ယနေ့ခေတ်ကမ္ဘာကြီးအကြောင်း စတင်စူးစမ်းတော့သည်။ အမျိုးမျိုးသောသတ္တုများ ထုတ်လုပ်နေသည့်နေရာများကို မှတ်ထားရပေမည်။ သူပထမဆုံးရှာမိသည့် တွင်းထွက်ပစ္စည်းကတော့ ကျောက်မီးသွေးပင်။ သူထုတ်လုပ်ချင်သည့် ရေနွေးငွေ့စက်ခေါင်းအတွက် ကျောက်မီးသွေးမှာ မရှိမဖြစ်ပင် မဟုတ်ပါလား။

ချမ်အန်းမြို့၏ အရာရှိများနေထိုင်သည့်အပိုင်း၌ ကွမ်နိုင်းလမ်းမကြီးရှိပြီး အဆိုပါ လမ်းမကြီးနှင့် ကပ်ရက်တွင် ဟယ်တုန်လမ်းမကြီးရှိ၏။ ၎င်းလမ်းမကြီးသည် ယနေ့ခေတ်တွင် ကျောက်မီးသွေးအများဆုံးထွက်ရာ ဒေသဖြစ်ချေရာ လီယင့်အတွက်တော့ အင်မတန်ကံကောင်းလှသောအချက်ပင် ဖြစ်ပေသည်။

ထို့ကြောင့် လီယင်သည် စံအိမ်တော်သို့ ပြန်ရောက်သောအခါ ကျောက်မီးသွေးထုတ်ရာ နေရာများဆီသို့ ကျင်းတချမ်အား သွားရောက်စုံစမ်းခိုင်းလိုက်သည်။ ယခုအချိန်တွင် ကျောက်မီးသွေးမှာ ထန်နိုင်ငံနှင့် မစိမ်းတော့ပေ။ ဈေးထဲတွင်ပင် ရောင်းချနေကြပြီဖြစ်၏။ သို့သော်လည်း ‘ ဆား ’ ကဲ့သို့ ထန်နိုင်ငံတော်၏ အရေးပါသော ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ခြင်း မခံရသေး။ ရောင်းချနေကြသည်ဆိုသည်မှာလည်း လမ်းသွားလမ်းလာအချို့က ကျောက်မီးသွေးများကို ကောက်ကာ ပန်းပဲဖိုဆီသို့ ရောင်းကြခြင်းသာ ရှိသေး၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now