48

757 60 0
                                    

အခန်း၄၈။ အချုပ်ကျချိန်

“ ဝန်ကြီးများ၊ အရေးကိစ္စ အထွေအထူးများ ရှိသလား ”

လီရှစ်မင် အရှင်မင်းကြီးက ထုံးစံအတိုင်းပင် မနက်အစောညီလာခံ၌ နန်းတွင်းနန်းပြင်မှ လတ်တလောဖြစ်ပွားလျက်ရှိသော ကိစ္စရေးရာများအကြောင်းကို မှူးမတ်များအား မေးလေသည်။

ထိုအချိန်တွင် ချန်စွန်းဝူကျီးသည် ရှေ့သို့ထွက်လာပြီး -

“ ကျွန်တော်မျိူးမှာ အရှင်မင်းကြီးထံ လျှောက်တင်စရာတစ်ခုရှိပါတယ်။ ဒါပေမယ့် အခုပြောမယ့်အကြောင်းအရာကို ပြောသင့်လား မပြောသင့်လား ဝေခွဲမရပါဘူးဘုရား ” ဟု ပြောလိုက်ရာ အရှင်မင်းကြီး လီရှစ်မင်လည်း ချန်စွန်းဝူကျီးအား စူးစမ်းလိုသည့်မျက်လုံးများဖြင့်ကြည့်ကာ -

“ ဘာကိစ္စများတုန်း ” ဟု မေးလိုက်သည်။ ဤကိစ္စကို ဆက်မပြောလျှင်လည်း ပြည်ပျက်မည့်ပုံဖြစ်နေလေသော ချန်စွန်းဝူကျီး၏ ထူးဆန်းစွာပြုမူနေပုံကြောင့် အရှင်မင်းကြီးလီရှစ်မင်မှာ အလွန်သိချင်လာသည်။

“ မနေ့က ချမ်အန်းပြည်ရဲ့ စီရင်စုဝန်ကြီး ရှရှစ်ကျီက တုန်းရှစ်လီချွန်းပြည့်တန်ဆာအိမ်မှာ လူနှစ်စုဟာ ပြည့်တန်ဆာမိန်းက‌လေးတစ်ဦးအတွက်နဲ့ ခိုက်ရန်ဖြစ်ပွားတဲ့အကြောင်း တိုင်စာရလို့ အဲ့ဒီလူနှစ်စုကို ဥပဒေနဲ့အညီ သွားရောက်ဖမ်းဆီးခဲ့ပါတယ် ”

ချန်စွန်းဝူကျီး၏ အဆိုပါလျှောက်တင်ချက်ကို ကြားပြီးသောအခါ အရှင်မင်းကြီးလီရှစ်မင်သည် မျက်မှောင်ကျုတ်သွားသည်။ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားပုံပေါ်ကာ -

“ ဒီလိုနှမ်းစေ့လောက်သေးငယ်လှတဲ့ ပြဿနာကို ငါကိုယ်တော်ဆီလျှောက်တင်ရသလား။ အဲ့လောက်တောင် လျှောက်စရာ ရှားလား မောင်မင်း။ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ ” ဟု မာန်မဲလိုက်တော့သည်။

ထိုအခါ ချန်စွန်းဝူကျီးမှာ ဦးညွှတ်ကာ ရိုသေစွာ ဆက်ပြောလိုက်သည်။

“ အရှင်မင်းကြီး၊ အဲ့ဒီလူနှစ်စုရဲ့ အဓိက ပါဝင်သူတွေဟာ အင်မတန်ထူးခြားလှပါတယ်။ တစ်ဖက်အုပ်စုမှာ ခြောက်ယောက်မြောက်မင်းသား လီယင်ဦးဆောင်တဲ့ အုပ်စုဖြစ်ပြီး နောက်တစ်အုပ်စုက ငါးယောက်မြောက်မင်းသား လီယို ဦးဆောင်တဲ့အုပ်စုဖြစ်နေကြောင်းပါ ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now