87

577 36 1
                                    

အခန်း၈၇။ ပြန်လာခြင်း

အိမ်အိုလေးဆီသို့ ပြန်ရောက်သည့်အခါ လီယင်သည် အင်တာနက်ပေါ်တွင် ကျောက်စိမ်းနှင့်ဆိုင်သော အချက်အလက်များကို ရှာဖွေလိုက်သည်။ လက်ရှိတွင် ရောင်းတန်းဝင် ကျောက်စိမ်း ၉၅ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ လာသဖြင့် ဗမာ့ကျောက်စိမ်းဟုလည်း ခေါ်ကြသည်။ လက်ရှိပေါက်ဈေးပင် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံတွင် ‌သဘာဝ‌ကျောက်စိမ်းတွင်းများ ရှားပါးလာပြီဖြစ်ရာ ကျောက်စိမ်းဈေးမှာ တစတစ ပိုမိုမြင့်တက်လျက်ရှိပေသည်။ မနှစ်က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော လေလံပွဲ၌ ၁၁၂ ကီလိုဂရမ်ရှိသော ကျောက်စိမ်းရိုင်းတုံးသည်ပင် ယွမ် သန်း ငါးရာခန့်ဖြင့် လေ‌လံအောင်ခဲ့သေး၏။

ထိုအခြင်းအရာကို မြင်သောအခါ လီယင်သည် ၎င်း၏လက်စွပ်ထဲတွင် သိမ်းထားသော သုံးမီတာအမြင့်၊ ငါးမီတာအကျယ်ရှိသည့် တန်ပေါင်းများစွာအလေးချိန်ရှိသော ကျောက်စိမ်းတုံးကြီးအကြောင်း တွေးမိကာ လန့်ဖျတ်သွားလေတော့သည်။ ဤကျောက်ရိုင်းတုံးကြီးကိုသာ ချပြလိုက်လျှင်ဖြင့် တစ်ကမ္ဘာလုံး အထိတ်တလန့်ဖြစ်ကုန်တော့မည်။

နောက်တစ်နေ့ မနက် အာရုံဦးတွင် လီယင်လည်း တထန် လေလံအိမ်သို့ ‌စောစောရောက်လာခဲ့သည်။ ဧည့်ကြိုမိန်းကလေး ရှောင်ကျောက်မှာ လီယင်ကို မြင်သောအခါ လန့်သွားပြီး စားလက်စမနက်စာ တဝက်တပျက်ကို အမြန်ဖွက်လိုက်၏။ လီယင်က မြင်လိုက်ပြီး ပြုံးလိုက်သည်။

“ ဒါရိုက်တာ ယန်ကို လာခဲ့ဖို့ ခေါ်လိုက်ပါ။ ပြီးတော့ မနက်စာ ဆက်စားလို့ရပါတယ်။ အလုပ်ချိန်မှ မရောက်သေးတာပဲ ” ဟု လီယင်က ပြောလိုက်လေ၏။

“ ဟုတ်ကဲ့ပါ ဥက္ကဌကြီး ”

ရှောင်ကျောက်ဟု ခေါ်သည့် ရှောင်ယွမ်ယွမ်ဟူသော မိန်းကလေးသည် ယခုနှစ်မှ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ဤလေလံအိမ်တွင် အလုပ်လုပ်သည်မှာ သုံးလခန့်သာ ရှိသေးသည်။ ယခုက‌တော့ အစမ်းခန့်ကာလသာဖြစ်သေးပြီး နောက်ရက်အနည်းငယ်အကြာမှ အမြဲတမ်းဝန်ထမ်းဖြစ်မည်ဖြစ်၏။ လှေကားမှ တက်သွားသော လီယင်ကိုကြည့်ရင်း ရှောင်ကျောက်ခမျာ မကောင်းမြင်မခံရပါစေနဲ့ဟု တိတ်တိတ်လေးဆုတောင်းရင်း သက်ပြင်းချလိုက်ပါတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now