လီယင်
(vip gpမှာ ၇၂ထိရောက်ပါပြီ)အခန်း၂၁။ သွားတိုက်ဆေး
“ အရှင့်သားခြောက်..အဲ့ဒီ့ ဖြူဖြူလေးက ဘာလေးလဲဟင်”
လီယင်တစ်ယောက် သွားတိုက်နေစဉ် ချမ်ဟွိုက်လျန့်က တအံ့တဩမေးလာခြင်း ဖြစ်သည်။
လီယင်လည်း ၎င်းထံမှ ဝေးရာကို ရွှေ့ရပ်ကာ ဖြေလိုက်၏။
“ အဲ့ဒါကို သွားတိုက်ဆေး လို့ ခေါ်တယ်။ သွားကိုတိုက်တဲ့နေရာမှာ သုံးတယ်။ ”
ထို့နောက် ချမ်ဟွိုက်လျန့်သည် လီယင်၏လက်ထဲတွင် ကိုင်ထားသော ထန်မင်းဆက်ခေတ်သွားတိုက်တံ ဟု ခေါ်သည့် တစ်ဖက်စွန်းတွင် အဖုအချောင်းလေးများပါသော သစ်သားချောင်းငယ်လေးကို ကြည့်နေပြန်သည်။ ထို့နောက် ပါးစပ်မှ အမြှုပ်များထွက်လာပြီး ၎င်းကို ထွေးထုတ်လိုက်သော လီယင်အား ပြန်ကြည့်ကာ မနေနိုင်တော့ပဲ ပြောလိုက်လေသည်။
“ အရှင့်သား.. ကျွန်တော်မျိုးလည်း သုံးကြည့်ချင်လို့ အဲ့ဒီ သွားတိုက်ဆေး ဆိုတာလေး နည်းနည်းလောက် ညှစ်ပေးပါလား။ ”
သူ့ကို တောက်လျှောက်စိုက်ကြည့်နေသည့်ရန်မှ ကင်းဝေးအောင် လီယင်လည်း ချမ်ဟွိုက်လျန့်၏ သစ်သားသွားတိုက်တံပေါ်သို့ သွားတိုက်ဆေးအနည်းငယ် ညှစ်ပေးလိုက်လေတော့သည်။
အဖြူရောင်သွားတိုက်ဆေးသည် ထန်နိုင်ငံထုတ်သွားတိုက်တံ ဟု ခေါ်သည့် ဝါဝါအချောင်းလေးပေါ်တွင် ညီညာစွာ ပျံ့နှံ့သွားလေသည်။ ချမ်ဟွိုက်လျန့်လည်း လီယင်ကို အတုခိုးကာ ထိုအရာကို ပါးစပ်ထဲထည့်လိုက်ပြီး သွားများကို ရှေ့တိုးနောက်ဆုတ် တိုက်လိုက်လေသည်။
“ အမယ်လေး..အရသာကောင်းလှချည်လား။ ကျွန်တော်မျိုးကို ထပ်ပေးပါဦး။ ”
သွားတိုက်ဆေးသည် သကြားညိုကဲ့သို့ ချိုလေရာ ချမ်ဟွိုက်လျန့်သည် ၎င်းကို ရေနဲ့မျှောကာ မြိုချလိုက်ပြီး မျက်နှာငယ်လေးနှင့် လီယင်ထံမှ ထပ်တောင်းလေသည်။
လီယင်ကတော့ ရေကိုငုံ၍ ပလုတ်ကျင်းကာ ထွေးထုတ်လိုက်ပြီး ပြောလိုက်၏။
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်
Mystery / Thriller"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator: Mocha ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့...