129

438 24 0
                                    

အခန်း၁၂၉။ လိုအပ်သည်တို့ကိုဝယ်ယူခြင်း

ကျောက်စိမ်းတုံးကြီးအကြောင်း ဟိုးလေးတကျော်ဖြစ်ခဲ့သည်မှာလည်း ကြာပြီဖြစ်၍ မီဒီယာများ၏ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုများလည်း လျော့ကျသွားပြီဖြစ်လေသည်။ သို့သော် ၎င်းရက်များအတွင်းမှာတော့ ယန်းစုရှင်းခမျာ မီဒီယာတို့၏ ဒုက္ခကို အလူးအလဲခံစားလိုက်ရသဖြင့် ကိုယ်အလေးချိန်ပင် လျော့ကျသွားရှာ၏။ ထို့ကြောင့် လီယင်က တောင်းပန်သည့်အနေဖြင့် ၎င်း၏စံအိမ်တော်မှ ယူလာခဲ့သော ကျောက်စိမ်းလက်ကောက်လေးအား ယန်းစုရှင်းရှေ့စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

“ ဒါ ကျွန်မကို ပေးတာလား ”

ယန်းစုရှင်းသည် အနည်းငယ်အံ့ဩသွား၏။ ကျောက်စိမ်းလက်ကောက်လေးကို ကောက်ယူကြည့်လိုက်ပြီး သေချာအကဲခတ်ပြီးနောက်မှာ ပျော်ရွှင်ကျေနပ်စွာဖြင့် -

“ ဒါဟယ်ထျန် ယွီကျုံးလက်ထက်က အကောင်းဆုံးလက်ရာတစ်ခုမဟုတ်လား။ တကယ်ပဲ ကျွန်မကို ပေးတာလား ” ဟု မေးလိုက်သောအခါ လီယင်က ပြုံးကာ -

“ ဆုချတဲ့အနေနဲ့ ပေးတာလေ။ မယူချင်ဘူးလား။ ပြန်ပေး ” ဟု ဆိုကာ လက်ကောက်အား ပြန်ယူမည်ရွယ်လိုက်လေသည်။

“ အရမ်းလှတာပဲ ”

ယန်းစုရှင်းကတော့ ခပ်မြန်မြန်ပင် လက်မှာဝတ်လိုက်‌ကာ လီယင့်အား ကျေးဇူးတင်စွာ ပြုံးကြည့်လိုက်လေသည်။

ထန်နိုင်ငံတော်တွင် အရာအားလုံးသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီဟု ဆိုရမည်။ ရှေ့လျှောက် ထိုနေရာ၌ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် လီယင်သည် ဤခေတ်တွင် လုပ်စရာလေးအနည်းငယ်တော့ ရှိသည်။ ၎င်းတို့မှာ စတီးထုတ်လုပ်ရေးစက်ရုံများ၊ စက်ကိရိယာစက်ရုံများ၊ မြေဩဇာစက်ရုံများနှင့် မျိုးစေ့များကို ဝယ်ယူရန် ဖြစ်သည်။ ထိုမှသာ ထန်မင်းဆက်ခေတ်အတွက် လိုအပ်သော စတီးကိရိယာများ ရရှိလာနိုင်မည်ဖြစ်သလို ရေနွေးငွေ့စက်ခေါင်းကဲ့သို့သော နည်းပညာများကိုလည်း တီထွင်အသုံးချနိုင်လာမည်ဖြစ်လေ၏။ သူ၏ အကြံတစ်ခုဖြစ်သော လယ်ယာမြေဖြစ်ထွန်းရေးအတွက်လည်း လမ်းဖောက်ပြီးသား ရပေမည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now