151

390 21 0
                                    

အခန်း၁၅၁။ ထိမ်းမြားလက်ထပ်ခြင်း

ဤကဲ့သို့ လူအားလုံး အမုန်းတရားများ၊ မနာလိုစိတ်များကို စွန့်ပစ်ကာ အတူတကွပျော်ရွှင်နေကြသည်မျိုးမှာ ရှားလှသည်မဟုတ်လား။

လီယင်ကတော့ ထိုနေ့တွင် လုပ်စရာများ များပြားလွန်း၍ မောပန်းနေချေပြီ။သတို့သမီးကို ကြိုရန် မနက်ကတည်းက လီယင်စံအိမ်တော်မှ ထွက်ခွာခဲ့လိုက်သည်။ ၎င်း၏ ယောက္ခထီးဖြစ်သူ စွေ့ရှောင်က မှာလိုက်သေးသည်။ ၎င်းတို့၏ ဆွေမျိုးများသည် သတို့သားကို နည်းနည်းရစ်ကြသည်၊ စကြသည်ဟူ၍ပင်။ ပညာမရှိသောသူများကို သူတို့က မကြိုက်ကြ။ ထို့ကြောင့် သတို့သားများကို သတို့သမီး၏အလှအား က‌ဗျာများဖွဲ့နွဲ့ခိုင်းလေ့ရှိပေသည်။ ထို့ကြောင့် လီယင်လည်း ကဗျာများကို အလွတ်ကျက်မှတ်ခဲ့ရသေးသည်။

စွေ့အိမ်တော်၏ တံခါးပေါက်သို့ ရောက်သောအခါ လီယင်မှာ အတားခံလိုက်ရပြီး သတို့သမီးကို မြန်မြန်ထွက်လာစေရန်အတွက် ကဗျာရွတ်ခိုင်းသည်။ လီယင်လည်း တတ်သလောက်မှတ်သလောက် ရွတ်ပြလိုက်သော်လည်း စွေ့ယင်းယင်းမှာ ငြင်းဆိုကာ အပြင်ကိုထွက်မလာချေ။ ဤမိန်းကလေးကတော့ တမက်သက်သက်ပင် လီယင့်အား အခက်တွေ့အောင် လုပ်နေချေပြီ။ နေပူကျဲကျဲအောက်တွင် ရပ်နေရရှာသော လီယင်ခမျာလည်း အစွမ်းကုန် ဦးနှောက်ကို အလုပ်ပေးပြီးနောက် သူသီချင်းတစ်ပုဒ်ကို သတိရလိုက်သည်။ ထိုအချိန်ကတော့ ထူးဆန်းလှသည့်သီချင်းဟု စိတ်ထဲမှတ်ယူကာ စာသားအနည်းငယ်ကို မှတ်မိနေလေသည်။ ထို့ကြောင့် ထိုစာသားကို ရွတ်ဆိုပြလိုက်လေတော့၏။

“ ဒီညမှာ နတ်ဘုရားမလေးတစ်ပါး ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတယ်။

သူ့ကိုယ်သူ မှန်ထဲကြည့်ရင်း အလှပြင်နေလေရဲ့။

မက်မွန်သီးရောင်ရှိတဲ့ နှုတ်ခမ်းပိုင်ရှင်လေးရယ်
မျက်နှာမှာ မိတ်ကပ်တွေ ပေါင်ဒါတွေ ခြယ်သစရာ မလိုပါဘူးကွယ်။

နှလုံးသားချင်းရင်းနှီးပြီးသားပေမယ့် သဘောထားခြင်းကွဲလွဲခဲ့တာမို့
နောက်ကျဟန်ဆောင်နေတဲ့ မိန်းကလေးရယ်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now