147

355 23 0
                                    

အခန်း ၁၄၇။ အမိန့်တော်ချမှတ်ခြင်း

လီရှစ်မင်သည် ချန်စွန်းဝူကျီးနှင့် ဤကိစ္စပြောထားပြီးသားဖြစ်၍ အရှင်မင်းကြီး သူ့ကိုကြည့်လိုက်ခြင်းမှာ ဝင်ရောက်‌ညှိနှိုင်းခိုင်းလိုက်ခြင်းဖြစ်သည်ဟု သိသောကြောင့် ချန်စွန်းဝူကျီးက ဝင်ပြောလိုက်ခြင်းဖြစ်သည်။

“ အရှင်မင်းကြီး … အမတ်ကြီးချန်စွန်းပြောတဲ့စကားက ကျွန်တော်မျိုးပြောချင်နေတဲ့ စကားပါပဲ ”

အမတ်ကြီးချန်စွန်းဝူကျီး၏ စကားဆုံးသည်နှင့် ဖန့်ရွှယ်လင်၊ ကျူးစွေ့လျန့်၊ စမ်းဝမ်ဝမ့်နှင့် စွေ့ရှောင်တို့ ခရမ်းရောင်ဝတ်ရုံဝတ် အမတ်ကြီးလေးဦးကလည်း ပြိုင်တူဝင်ပြောလိုက်ကြသည်။

ထိုအခြင်းအရာကို မြင်လိုက်သော အမတ်ကြီးတို့သည် မည်မျှပင် တုံးအစေဦးတော့၊ အရှင်မင်းကြီးလီရှစ်မင် ဘာကိုလိုချင်သည်ဆိုတာကို သိသွားကြပြီဖြစ်၍ တစ်ယောက်ပြီးတစ်ယောက် သဘောတူညီကြောင်း ထပြောလိုက်ကြလေတော့သည်။ လီထိုက်၏မျက်နှာကတော့ ပျက်ယွင်းနေချေပြီ။ သူအစွမ်းကုန်ကြိုးစားကာ အမတ်ကြီးများနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ ထို့ကြောင့် စိတ်ထဲတွင် တုန်လှုပ်မွန်းကြပ်လာသည်။ လီယင်ပြန်မရောက်လာခင်တုန်းက အရှင်မင်းကြီးလီရှစ်မင်က သူ့အား အနှစ်သက်ဆုံးဖြစ်ခဲ့သည်မဟုတ်လား။ တလိပ်လိပ်တက်လာသောဒေါသကြောင့် စဉ်းစားဆင်ခြင်ဉာဏ်များ ခေတ္တပျောက်ဆုံးခဲ့ချေပြီ။

“ ဖခမည်းတော် … အမတ်ကြီးချန်စွန်းပြောသွားတဲ့စကားတွေက အကျိုးအကြောင်း သင့်လျော်တယ်ဆိုပေမယ့် လီယင်သာ တကယ်ပဲ ချန်မိသားစုနဲ့ ပူးပေါင်းခဲ့တယ်ဆိုရင် သားတော်တို့ ထန်နိုင်ငံတော်အတွက် အန္တရာယ်ရှိတယ် မဟုတ်ဘူးလား။ သားတော်တို့တွေဟာ ဒီကိစ္စကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ မင်ကျွင်းမျိုးဆက်ဖြစ်တဲ့ ဖခမည်းတော်ဟာ ဒီအကြောင်းတွေကို ပိုသိသင့်တယ်မဟုတ်လား ဖခမည်းတော် ”

“ လီထိုက် .. မင်း အတင့်ရဲလှချည်လား။ ဖခမည်းတော်ကို ဘယ်လိုလုပ် ဒီလိုရိုင်းရိုင်းစိုင်းစိုင်းပြောရဲတာလဲ။ ဖခမည်းတော်တို့ကို တုံးအတယ်လို့ ပြောချင်တာလား ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now