121

457 24 0
                                    

အခန်း၁၂၁။ ကြင်ယာတော်ယန်၏ သတိပေးချက်(၁)

လီယင်နှင့် ချမ်ယောင်ကျင်းတို့ ထွက်သွားကြပြီး မကြာမီမှာပင် ဝေ့ချိကုန်းသည်လည်း ထိုက်ကျိနန်းတော်ထဲမှ ထွက်လာလေသည်။ နေမင်းကြီးကတော့ ကောင်းကင်ထက်တွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် လောင်မြိုက်နေလေ၏။ သို့သော် ဝေ့ချိကုန်း၏ ရင်ထဲမှာတော့ ဆောင်းညတစ်ည၏ အအေးဓာတ်လိုမျိုး အေးစက်နေလေသည်။ ခန်းမဆောင်ထဲမှာတုန်းင လီရှစ်မင်သည် သူ့အား ပြင်းပြင်းထန်ထန် ကြိမ်းမောင်းရမည့်အစား ကြင်ကြင်နာနာဖြင့်ပင် ဟန်မင်းဆက်ခေတ်မှ စစ်သူကြီးဟန်ရှင်း၏ အဖြစ်‌အ‌ပေါ် သူ၏ထင်မြင်ချက်အား မေးလာခဲ့လေသည်။ ( စစ်သူကြီး ဟန်ရှင်းသည် ဟန်မင်းဆက်လက်ထက်တွင် အလွန်တိုက်ရည်ခိုက်ရည်ရှိကာ အောင်မြင်ကျော်ကြားလှသော စစ်သူကြီးတစ်ဦးဖြစ်သည်။ သို့သော် သူ၏ အင်အားကြီးမှု၊ ဩဇာလွှမ်းမိုးနိုင်မှုအပေါ် စိုးရိမ်စိတ်ဝင်လာသော ဘုရင်သည် နယ်ဝေးသို့ ပို့ခဲ့သလို နောက်ပိုင်းတွင် ပုန်ကန်ရန်ကြံစည်သည်ဟု အစွပ်စွဲခံရကာ ဧကရီဘုရင်မထံ၌ ကွပ်မျက်ခြင်းခံခဲ့ရလေသည်။ - ဘာသာပြန်သူ၏ ဖြည့်စွက်ချက် )

ဝေ့ချိကုန်းသည် ဤရာထူးမျိုးနဲ့ထိုက်တန်ရလောက်သည်အထိ မထက်မြက်ပေ။ ထို့ကြောင့် ရာထူးအားကိုးနှင့် မြောက်ကြွားခြင်းမပြုရန်၊ မဟုတ်လျှင် အဆိုပါ စစ်သူကြီး ဟန်ရှင်းကဲ့သို့ နိဂုံးချုပ်သွားနိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ကာ ဝေ့ချိကုန်းသည် သူနှင့်အတူ ကျော်ကြားခဲ့သော စစ်သူကြီး ချင်ရှုပေအား သတိရမိလိုက်သည်။ ထိုအခါမှ ဝေ့ချိကုန်းသည် အဘယ်ကြောင့် ချင်ရှုပေမှာ အရှင်မင်းကြီးလီရှစ်မင် နန်းတက်သည့်အချိန်မှစ၍ နေမကောင်းသည်ကို အကြောင်းပြကာ လွှတ်တော်မတက်သည့်အကြောင်းကို နားလည်သွားလေတော့သည်။ တကယ်က  ချင်ရှုပေသည် ထိုစဉ်ကတည်းက စစ်သူကြီးများအပေါ်ထားရှိသော အရှင်မင်းကြီး၏ စိတ်သဘောထားကို နားလည်သောကြောင့်ဖြစ်ပေမည်။ ထိုမှဆက်စပ်၍ စစ်သူကြီးလီကျင်းသည် တူရကီတို့ကို သွားတိုက်စဉ်က စစ်ရှုံးပြီး ပြန်လာရသည့်အပေါ် အရှင်မင်းကြီးလီရှစ်မင်က အပြစ်တင်ရသည့်အကြောင်းကိုလည်း နားလည်သွားလေသည်။ အရှင်မင်းကြီးကား ဤနိုင်ငံတော်မှာ ၎င်း၏အပိုင်ဖြစ်‌ကြောင်း တဖက်လှည့်ဖြင့် အသိပေးနေခြင်းသာ ဖြစ်လေ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now