56

768 67 0
                                    

လီယင်
vip gp1 wave or kpay (2000)
vip gp2 (wave or kpay 3000)

အခန်း၅၆။ လည်လွန်းတဲ့ဘီး ချီးသင့်

ရေမွှေးပထမအသုတ် ထုတ်လုပ်ပြီးချေပြီ။ လီယင်လည်း သတ်မှတ်ထားသောဈေးဖြင့် ထုံနျန်အား ရောင်းချပေးလိုက်သည်။ သို့သော်လည်း ထုံနျန်မှာ သိပ်မစွန့်စားရဲပဲ ပထမဆုံးအကြိမ်တွင် ပုလင်းငါးရာသာ ဝယ်ယူခဲ့သည်။ ဆယ်ရက်ခန့်ကြာပြီးသည်အထိ ပေါ်မလာသဖြင့် လီယင်လည်း ကျန်နေသေးသော ရေမွှေးများကို မရောင်းချနိုင်သေးပဲရှိနေရာ အလုပ်သမားများအား ရေမွှေးထုတ်လုပ်မှု ခဏရပ်ထားရန် မှာကြားထားရသည်။

ထုံနျန်ဘာတွေးနေသည်ကို လီယင်သိသည်။ ရေမွှေးကို ရောင်းရ မရောင်းရ မသေချာသေးသောကြောင့် ထုံနျန်က ငွေကြေးအဆုံးအရှုံးနည်းစေရန် နည်းနည်းသာအစမ်းယူထားခြင်း ဖြစ်သည်။ လီယင်က အကွက်ကြိုမြင်သော်လည်း သိဟန်မပြချေ။

ထုံနျန်သည် မိန်းမများ၏ ရေမွှေးအပေါ်စွဲလမ်းသည့်စိတ်ကို လျှော့တွက်မိချေပြီ။

ရေမွှေးပုလင်းရသွားကြသော နန်းတော်ထဲမှ ကြင်ယာတော်များမှာတော့ ရေမွှေးအား လက်ကပင် မချနိုင်တော့ချေ။ များစွာသော ကြင်ယာတော်များသည် လျန့်စံအိမ်တော်သို့ အခြွေအရံများ စေလွှတ်ကာ လက်ဆောင်ပစ္စည်းများ ပေးပို့စေပြီး ရေမွှေးအကြောင်း စကားပါးခိုင်းလေသည်။ သို့သော် လီယင်က ဧည့်ဝတ်ပျူငှာခြင်း မရှိတော့ပေ။ ၎င်းကြင်ယာတော်များသည် လူကုံထံများဖြစ်ကြသည်။ သူတို့ဆီမှ အဖိုးအခမတောင်းလျှင် မည်သူ့ဆီမှ တောင်းရမည်နည်း။ ထို့ကြောင့် ၎င်းကြင်ယယတော်များကိုလည်း တစ်ပုလင်းကို ဆယ်ကွမ် ( ငွေတုံးဆယ်တုံး ) ဖြင့် အများနည်းတူ ရောင်းချခဲ့သည်။

ခေတ်သစ်မှ နာမည်ကျော်စတားများကဲ့သို့ ဤထန်မင်းဆက်ခေတ်တွင် အဆိုပါမျိုးရိုးမြင့် အမျိုးသမီးများသည် အလှအပရေးရာတွင် ရှေ့ဆောင်လမ်းပြများဖြစ်ကြလေသည်။ သူတို့၏ ဝတ်ပုံ၊ စားပုံ၊ သုံးစွဲပုံတို့ကို အပြင်လူများက လိုက်လံအတုယူတတ်ကြသည်။ ၎င်းတို့ ရေမွှေးစတင်သုံးစွဲသောအခါတွင်လည်း နန်းတွင်းပြင်ပမှ မိန်းမပျိုများကြား အဆိုပါရေမွှေးမှာ ခေတ်စားလာလေတော့သည်။ ထုံနျန်ကလည်း ၎င်းကို အခွင့်ကောင်းယူကာ လျန့်စံအိမ်တော်မှ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြန့်ဖြူးသူအဖြစ် ရောင်းချနေလျက်ရှိရာ ဝယ်သူများ အင်မတန်စည်ကားနေလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now