3 ✧⁠*⁠。

1.4K 218 12
                                    




ဆောနူ၏ မျက်နှာပေါ်က ဒဏ်ရာလေးများက
ဆောင်းဟွန်းခိုး ခိုးပြီး ပို့ထားသည့် ဆေးများ
ကြောင့် တစ်ဖြည်းဖြည်း လွင့်ပါးလာပြီဖြစ်
သည်။ ထိုနေ့ကတည်းက ဆောနူ ရန်ထပ်ဖြစ်
မည်စိုး၍ ကျောင်းဆင်းတိုင်း ဆောနူ နောက် မှ
တိတ်တိတ်လေး လိုက်သည်။ ဆောနူက သီချင်း
တွေကို တကယ် သဘောကျပုံပဲ။ နားကြပ်အဖြူ
လေးကို အမြဲတပ်ထားပြီး ဘောင်းဘီအိတ်ထဲ
လက်ထည့်ကာ လမ်းလျှောက်နေပုံက အလွန်ကြည့်ကောင်းသည်။ ဆောင်းဟွန်းကတော့ ဘေး
လွယ်အိတ်လေးကို ကိုင်ရင်း ခြေဖွဖွလေးလှမ်း
ကာ ဘက်စ်ကားမှတ်တိုင်ထိ လိုက်ရသည်။
ဒါကလည်း ဆောင်းဟွန်း အပိုလုပ်မိတာမျိုးပါပဲ။
ဆောနူက သူ့ပတ်ဝန်းကျင်မှာ ဘာတွေပဲဖြစ်နေ
ပါစေ ဂရုမစိုက်တတ်ဘူးလေ။

ဆောနူနှင့် ဆောင်းဟွန်းအိမ်က ဆန့်ကျင်ဘက်
ဖြစ်သည်။ သို့သော် ဆောင်းဟွန်းက မှတ်တိုင်သုံး
ခုစာဝေးသည့် ဆောနူ၏ အိမ်ပြန်လမ်းအတိုင်း
အမြဲလိုက်စီး၏။ သူအနီးဆုံးနေနိုင်တာက ဆောနူရဲ့နောက် မျက်စောင်းထိုး နှစ်ခုံကျော်တွင်ဖြစ်
သည်။ ဘေးကပ်ရပ်မှာ ထိုင်ရင်လည်း ခိုးကြည့်
ဖို့ အရမ်းသိသာလွန်းတယ်၊ နောက်က နှစ်ခုံကျော်
မှာ ထိုင်ရင်လည်း လူကိုသေချာမမြင်ရ။ နောက်
တည့်တည့်မှာ ထိုင်ပြန်ရင်လည်း တအားနီးကပ်
လွန်းလို့ ဒီမနီးမဝေးအကွာအဝေးလေးနဲ့ ဆောနူ
၏ မျက်နှာကို သေချာမြင်ရမည့် နေရာ.. မျက်
စောင်းထိုး နှစ်ခုံကျော်က ကွက်တိပင်ဖြစ်သည်။

ဆောနူ ကားပေါ်က ဆင်းသွားမှ သူလည်းလိုက်
ဆင်းပြီး အိမ်ပြန်မည့်ကားကို စောင့်ရသည်။
ဆောနူ နောက်ကို လိုက်တာက သူ့စာလုပ်ချိန်
တွေကို ကုန်ဆုံးစေပေမယ့် ကိစ္စမရှိ၊ ဆောင်းဟွန်း အပြန်တွင် စာလုပ်၍ လိုက်လာသည်။
ရုံးဆင်းချိန်လည်း ကုန်ပြီမို့ တစ်ကားလုံးတွင်
ဆောင်းဟွန်းတစ်ယောက်တည်းသာ ကျန်သည်။
ထိုစဉ် အိတ်ထဲက ဖုန်းက တုန်ခါလာသဖြင့်
ဆောင်းဟွန်းလည်ချောင်း ရှင်းလိုက်ပြီး ဖုန်းကို
ကိုင်လိုက်သည်။

" ဟုတ်ကဲ့ အမေ.."

" သား အခု ပြန်လာနေပြီ။ ဟုတ်ကဲ့၊ စာမေးပွဲ
နီးတော့ ဆရာက အရမ်းဖိဖိစီးစီးလုပ်နေတာနဲ့.. "

When you were in my arms , I was on your shoulder Where stories live. Discover now