18 *⁠.⁠✧

1K 184 20
                                    

၂၀၂၃ ၊ ဂျူလိုင်။

အဖွဲ့မှူး တံခါးရှေ့တွင် ဆောင်းဟွန်းရပ်နေ
ရင်းစိတ်လေးလံစွာပင် တံခါးကိုခေါက်လိုက်ပြီးနောက် တံခါးဖွင့်ဝင်လိုက်သည်။ အဖွဲ့မှူးက
ကွန်ပျူတာကို မျက် မှောင်ကျုံ့ကာ ကြည့်နေ
ရင်း ဆောင်းဟွန်းကို မြင်တော့ လှိုက်လှဲစွာကြို
ဆို၏။

" အဖွဲ့မှူး "

" ဪ ! ဆောင်းဟွန်း လာထိုင်လေ.."

" ဟုတ်ကဲ့ "

ဆောင်းဟွန်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်
လိုက်ပြီးနောက် အဖွဲ့မှူး၏ ဧည့်သည်ထိုင်ခုံ
တွင် ဝင်ထိုင်လိုက်လေသည်။

" အဆင်ပြေရဲ့လား၊ meeting က.."

အဖွဲ့မှူးက စိတ်ဖိစီးစွာ နေရာတွင် ဝင်ထိုင်ရင်း..

" အဲ့တာပဲ ပြောမလို့၊ ဒီနေ့ meeting မှာ entertainment teamက မီးမွှေးလိုက်တယ်။ မီးကိုမှ ရိုးရိုးမီးတောင်မဟုတ်ဘူး၊ ဉက္ကာခဲပါ ပစ်ချတာ.."

အဖွဲ့မှူးက အလွန်စိတ်ဖီးစီးနေဟန်။ သူ့ရဲ့
စိတ်ပင်ပန်း‌မှုတွေကို ဆောင်းဟွန်းဆီ ဘယ်လို
ပုံချဦးမလဲ သိရဖို့ မစောင့်နိုင်တော့ပေ။

" အဲ့ topone entertainment လေ.."

topone ဟု ကြားသည်နှင့် ဆောင်းဟွန်း၏ အေးဆေးစွာ ယှက်သွယ်ထားသော လက်နှစ်ဖက်
မှာ တင်းကြပ်သွားကာ ရင်ဘတ်ထဲ၌လည်း လှစ်
ဟသွားသလို ခံစားလိုက်ရသည်။

" ဟုတ်ကဲ့ "

topone entertainment က အလွတ်တမ်းသတင်းထောက်တစ်ဦးမှ အစပြု၍ ကုမ္ပဏီထဲ မူးယစ်ဆေး ဖြန့်စေမှုရှိသည်ဟု သတင်းထွက်ပြီးနောက်ရဲများက chairman အပါအဝင် ဝန်ထမ်းတိုင်းနှင့် အနုပညာရှင်တိုင်းကို တစ်ဦးချင်းစစ် ဆေးမှုပြုလုပ်နေရင်း ယခုချိန်ထိ တော်တော်များများဆေးသုံးစွဲသည့် အထောက်အထားများထွက်ပေါ်လာနေဆဲဖြစ်ကာ ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။ ကုမ္ပဏီနှင့် ကုမ္ပဏီမှထောက်ပံ့
ထားသော အိမ်ရာများအားလုံးကို ချိတ်ပိတ်ကာ
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိ၏။

" သူတို့က အဲ့အကြပ်အတည်းထဲကနေ
တစ်ချို့ အနုပညာရှင်တွေကို scout လုပ်ချင်
နေတာ။ စဉ်းစားကြည့်ပါဦး၊ ဖြစ်နိုင်ရဲ့လား။
ဘယ်လောက်ပဲ တော်တော်၊ ဒီလောက် ဘဝတွေ
ရော နာမည်တွေရော ပျက်နေတာ ဒီတောင်ကိုရီး
ယားမှာ နောက်တစ်ခါ ပြန်အချစ်ခံရဖို့ ဖြစ်နိုင်
လားဆိုတာ။ အဲ့အရူးတွေက အနုပညာတစ်ခုပဲ
ခေါင်းထဲရှိတာ၊ အနောက်က လိုက်ရတဲ့ ဝန်ထမ်း
တွေကို သနားညှာတာမှုမရှိဘူး၊ နာမည်ပျက်ရှိ
တဲ့ idol ကို ခေါ်လာပြီး ပျိုးထောင်ရဦးမယ်။
သူတို့ကို ဘယ်သူက စောင့်ရှောက်ရမှာလဲ !
ဘယ်သူက လိုက် စိတ်ဒုက္ခခံပြီး ဖြေရှင်းပေး
ရမှာလဲ။ အားလုံး ငါတို့ခေါင်းမှာချည်းပဲ !"

When you were in my arms , I was on your shoulder Where stories live. Discover now