22 ✧⁠*⁠。

1.2K 184 22
                                    


ဓာတ်လှေကားထဲတွင် ဆောနူနှင့်ဆောင်းဟွန်း
နှစ်ယောက်တည်း။ ပြီးတော့ သူတို့နှစ်ဦးလုံးရဲ့
ခရီးဆောင် အိတ်တွေ။

ရှေးရှုရာ အထပ်ကို ရောက်သဖြင့် ချွင်ခနဲ
ဓာတ်လှေကားက မြည်လျှင် သူတို့နှစ်ဦးသား
ခရီးဆောင်အိတ်တွေကို ဆွဲ၍ ကုမ္ပဏီကပေး
ထားသည့် အခန်းရှေ့သို့ ရောက်လေသည်။

ဆောင်းဟွန်းက ရှေ့မှ လျှို့ဝှက်နံပါတ်ကို
နှိပ်လိုက်ပြီးနောက် သူ့ကိုဝင်လာရန် အချက်
ပြလေ၏။

" မနေ့က အခန်းလာကြည့်တာ၊ အိပ်ခန်းက
နှစ်ခန်းရှိတယ်။ ပိုကြီးတဲ့အခန်းကိုတော့
ဆောနူ သုံးလိုက်ပါ။ ကိုယ်က အဆင်ပြေ
တယ်.."

ဆောနူက အနုပညာရှင်မို့ ထားစရာပစ္စည်း
များမည်ကို ထည့်စဉ်းစားကာ အခန်းကြီးကို
ပေးနေလိုက်သည်။ ဆောနူမှာ စိတ်နှင့်လူနှင့်
မကပ်၊ သူဘယ်လို ဆောင်းဟွန်းနဲ့ နေ့စဉ်ရက်
ဆက် မျက်နှာချင်း ဆိုင်ရမလဲဟု တွေးမိနေ၏။

ပတ်ဆောင်းဟွန်းဟာ တကယ်ပဲ သူ့ကိုမျက်နှာ
မပူတော့တာလား။ သူ့အိမ်ရော ? ဒီတိုင်းထား
ခဲ့တာပဲလား။

" ဟို.. ဆန်းဘေး "

" ဟင်.."

ဆောင်းဟွန်းက သူ့ကို လှည့်ကြည့်လာ၏။

" အိမ်မှာ ပြန်မနေလို့ရော အဆင်ပြေရဲ့လား "

ဆောင်းဟွန်းက အနည်းငယ် စဉ်းစားသည့်ပုံ
ဖြစ်သွားပြီးနောက် အပူအပင်ကင်းစွာပြန်ဖြေ
လေ၏။

" အလုပ်မရှုတ်ရင်တော့ နှစ်ပတ်တစ်ခါ၊
ရှုတ်နေရင်တော့ နှစ်လတစ်ခါလောက်
ပြန်တာမို့လို့ အဆင်ပြေပါတယ်။ အမေ
လည်း သဘောတူတယ်။ ဘာလို့လဲ..
ဆောနူ မပြေလို့လား.."

သူလား ? သူက မပြေဘူးလို့ ပြောရင်ထူးဆန်း
နေမှာလေ။ ဆောင်းဟွန်းတောင် စိတ်ရှင်းရှင်း
ထားနိုင်ရင် ဘာလို့သူက မလုပ်နိုင်ရမှာလဲ။

" ကျွန်တော်.. ပြေပါတယ်။ ကျွန်တော့်အခန်း.."

" အာ ဟိုဘက် မှာ ! လိုက်ပို့ပေးမယ် "

" ရတယ် "

ဆောင်းဟွန်း အိတ်ကို သယ်ပေးမလို့ပေမယ့်
ဆောနူက ရုန်းလိုက်တာကြောင့် သူ့လက်က
လေးက လေပေါ်မှာ ရပ်သွားသည်။ ထို့နောက်
လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ ဆောနူကိုပြုံး
ပြလိုက်၏။

When you were in my arms , I was on your shoulder Where stories live. Discover now