ဖြည်းဖြည်းအေးအေး ဖတ်ပါ။
==================================
ဆောင်းဟွန်း အရောင်လွင်သည့် အဝါရောင်
ရှပ်လက်တိုလေးကို အဖြူရောင် Tee တစ်
ထည်နှင့် ခံဝတ်ထားသည်။ မိုးပြာရောင် ဂျင်းဘောင်းဘီအရှည်က သူ့အရပ်နှင့်ကွက်တိကျ
နေကာ လှေကားမှ ဆင်းလာသည့်တစ်လျှောက် ခြေအိတ်အဖြူစွတ်စွတ်ကို အဖျားလေးသာမြင်
ရသည်။သိုင်းလွယ်ထားသည့် အိတ်လေးကို ကိုင်ရင်း
ဆောင်းဟွန်း အောက်ထပ်ကို ရောက်တော့
ထမင်းဝိုင်းပြင်နေသည့် မေမေက မော့ကြည့်
လာ၏။" ဟင်.. ဆောင်းဟွန်းနီး၊ ဘယ်သွားမလို့လဲ ။
ညနေစာ မစားဘူးလား !! "မေမေက မေးတော့ ဆောင်းဟွန်းက ဖိနပ်စင်က ဖိနပ်တွေကို ဆွဲချပြီး အိမ်ထဲက ပြေးဆင်းရင်း အော်လိုက်လေသည်။
" ဆောနူနဲ့ ဒိတ် !! ညစာမချန်ထားနဲ့တော့ "
" ဟဲ့ ဖြည်းဖြည်း.. ဪ ဒီကလေး "
ခြံထဲရောက် မှ ခုန်ဆွခုန်ဆွနှင့် ဖိနပ်စီးနေသော
သားဖြစ်သူကို တစ်ခုခု ထိခိုက်သွားမည်ကို စိုးရိမ်
သော်လည်း အလွန်တက်ကြွနေပုံကို ကြည့်ကာ
သူမ ရယ်သာရယ်နေလိုက်တော့သည်။" အဲ့ ရောဂါနဲ့ ဘယ်နေ့ ရူးမလဲမသိဘူး.."
ဆောင်းဟွန်း ပလက်ဖောင်း၏ အစွန်းတွင်
ခြေဖျားနှင့် ခြေဖဝါးကို နှိမ့်ခြည်မြင့်ခြည်
လုပ်ရင်း သူ့ရှေ့က သုံးထပ်တိုက်ခန်းကို
မော့ကြည့်လိုက်သည်။ဆောနူကိုရောက်နေပြီ ဖြစ်ကြောင်းစာပို့ပြီးပြီမို့
ဆောနူထွက်လာမည်ကို စောင့်နေခြင်းဖြစ်သည်။ခဏအကြာ..အရိပ်ကလေးတစ်ခုထွက်လာသည်ကို မြင်တော့ သူ့အပြုံးများဖြန့်ကျက်ကာ လက်ကို အမြင့်ကြီး လွှဲပြလိုက်သည်။
ဆောနူက နက်ပြာရောင်ဂျင်းအပျော့ ရှပ်အင်္ကျီ
ကို အနက်ရောင် စတိုင်ပင်၏ အပေါ်တွင်ထုတ်
ဝတ်ထား၏။ တစ်ခြားအတွဲတွေလိုလည်း ဘာ
ဝတ်မယ်၊ညာဝတ်မယ် တိုက် မထားသောကြောင့်
နေ့နှင့်ည တွဲစပ်မှုလို ဖြစ်နေပေမယ့် ဘာအရေး
လဲ၊ ဆောနူဖြစ်နေဖို့က အဓိက။ ကျန်တာတွေ
ဆောင်းဟွန်း ဂရုစိုက် မနေပါ။
![](https://img.wattpad.com/cover/348160514-288-k766630.jpg)
YOU ARE READING
When you were in my arms , I was on your shoulder
RomanceWRITTEN IN BURMESE Character introduction kim sunoo : seems like cold-hearted person but have a soft spot on one person he loves park sunghoon : the most straightforward and delicate guy who knows nothing but how to love that person park jay : the m...