40 ✧⁠*⁠。( final )

2.1K 227 87
                                    

လစ်ဟင်းသွားသော အခန်းထဲတွင် ဆောင်းဟွန်း
တစ်ယောက်တည်း ဘာလုပ်ရမယ် မသိချေ။

ဆောနူ၏ အခန်းထဲတွင်ဝင်ရင်း ဆောနူမယူ
သွားသည့် ပစ္စည်းများနှင့် အဝတ်များကို သူ
ရှင်းသည်။ ဆောနူ၏ အလုပ်စားပွဲက မီးအိမ်
လေးက မလင်းတော့ပေ။ ဆောနူ သူ့အနားတွင်
မရှိသည့် နွေဦးက ‌အရောင်မဲ့လွန်းနေပါ၏။

ဓာတ်ပုံရိုက်စက်တွင် နှစ်ယောက်သား ရိုက်ထား
ဖူးသည့် ချစ်စရာပုံလေးများက နံရံတွင် ချစ်စရာ
ကောင်းစွာ ကက်ထားလေသည်။ ဆောင်းဟွန်း
သက္ကူပုံးတစ်ပုံးကို ထုတ်ယူရင်း ဆောနူ၏
ပစ္စည်းများကို တစ်ခုချင်းစီသိမ်းနေလိုက်၏။

ပစ္စည်းများကိုသိမ်းကာ စက္ကူပုံးများဆင့်ထား
လိုက်ပြီး အိမ်ပြောင်းသည့် ကုမ္ပဏီက ပုံးတွေ
တစ်ပုံးပြီး တစ်ပုံးသယ်သွားကြ၏။ ဆောင်း
ဟွန်း တံခါးကို မပိတ်မှီ အိမ်တစ်အိမ်လုံးကို
ဝေ့ဝဲ ကြည့်လိုက်သည်။ အိမ်၏ နေရာတိုင်း
ထောင့်တိုင်းတွင် သူတို့၏ အမှတ်တရများရှိ
သည်။ ဆိုဖာပေါ်တွင် တစ်ဦးနှင့်တစ်ဦး ထပ်
ရင်း အိပ်ပျော်နေကြသည့် သူတို့ရှိသည်။

မီးဖိုချောင်တွင် သူချက်ထားသည့် အရသာ
ဆိုးဆိုးနှင့် ဟင်းတွေကို မြည်းကြည့်နေ့သည့်
ဆောနူလည်းရှိသည်။ မှန်ပြတင်းတွေကိုဘယ်
သူ ပိုအမြင့်ရောက်သည်အထိ ပြိုင်ရင်း အရှုံး
ပေးခဲ့ဖူးသည့် သူလည်းရှိခဲ့သည်။

ဆောနူက အတူရှိမနေတော့ အမှတ်တရတွေ
ကို စွန့်ခွာရတာ ပိုပြီး ပင်ပန်းသည်ဟု ထင်ရ
သည်။ ဆောနူ သွားနေသည့် နှစ်အတွင်းမှာ
ပဲ ကုမ္ပဏီနှင့် စာချုပ်သက်တမ်းကုန်မည်ဖြစ်
သောကြောင့် ဆောနူဝယ်ထားသည့် ဘူဆန်က
အိမ်အသစ်လေးသို့ ဆောနူနှင့်သူ၏ပစ္စည်းများ
ကို ရွှေ့ထားပစ်ရမည် ဖြစ်သည်။

အသက်ကြီးမှ အလုပ်လက် မဲ့ဖြစ်ပြီး အိမ်မှာ
ပြန်ပေါ်လာသည့်သားကို မေမေတို့က အပြစ်
တင်မည် မဟုတ်ပေ။ ဆောင်းဟွန်း အမေ့အိမ်
တွင် လပိုင်းလောက်နေကာ သူ့ရဲ့လုပ်ငန်းအ
သစ်ကို စတင်ရန် ပြင်ဆင်တော့သည်။

ပင်လယ်ကို မျက်နှာမူထားသည့် ကားလမ်းမ
တွင် အရမ်းလည်းမကျဉ်း၊ ကျယ်လည်းမကျယ်
သည့် ဆိုင်ခန်းတစ်ခုကို ဝယ်ယူဖြစ်လိုက်သည်။
သူက ထပ်ပြီး အိမ်ကထွက်သွားဦးမှာဆိုတော့
ဖေဖေနှင့် မေမေက သူ့ကို ပွေ့ဖက်နှုတ်ဆက်
သည်။

When you were in my arms , I was on your shoulder Donde viven las historias. Descúbrelo ahora